လက်ထဲကဘောလုံးကို အသာမြှောက်
hoop ဆီကို အာရုံစိုက်ပြီး
တချက်ချိန်ဆလိုက်တယ်
ဒူးကိုကွေးပြီး ပစ်တင်လိုက်တဲ့အချိန်မှာပဲ. .'' luhan. . နောက်ကျလှချည်လား. .''
'' တောင်းပန်ပါတယ် captain. . ''
နားထဲကိုတိုးဝင်လာတဲ့အသံစူးစူးလေး
ကျွန်တော့်လက်ထဲကဘောလုံးဟာ
ဟန်ချက်ပျက်ပြီး hoop နှုတ်ခမ်းနဲ့ထိလို့
ပြန်ခုန်ထွက်သွားတယ် ။ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ
သူဟာကျွန်တော့်ကို လျာထုတ်ပြောင်ပြလို့
အဝတ်လဲခန်းဘက်ကိုပြေးဝင်သွားလေရဲ့ ။ကျွန်တော်ပြုံးလိုက်မိတယ် ။ အကောင်စုတ်ကလေး
သူ့ကြောင့် ကျွန်တော် အာရုံပျက်သွားတာကို
လှောင်သွားတာ ။လေ့ကျင့်ချိန် ခဏနားတဲ့အခိုက်
ရေဘူးတစ်ဘူးကိုဆွဲပြီး
ခုံတန်းတွေဘက်ကို ထွက်လာခဲ့တယ် ။ခုံမှာဝင်ထိုင် ရေဘူးကိုမော့ရင်း
ကျန်တဲ့လူတွေကစားနေတာကိုခဏထိုင်ကြည့်
အင်း အမှန်တော့ သူများတွေကစားတာ
ကြည့်တယ်ဆိုတာထက်
luhan ကစားနေတာကြည့်တယ်လို့ပြောတာက
ပိုမှန်မလားသူကအကောင်လေးနည်းနည်းသေးပေမယ့်
ကစားတာတကယ်သွက်တယ် ။
ပြေးတာလည်းမြန်တယ် ။
တဖက်ကစားသမားကိုလှည့်ပြီးကျော်တဲ့နေရာမှာ
တော်တယ် ။
သွင်းတာတော့သိပ်မတည့်သေးပေမယ့်ပေါ့လေ ။ကျွန်တော့်ကိုတွေ့နေချင်လို့
အသင်းထဲဝင်လာတယ်လို့သူပြောဖူးပေမယ့်
basketball ကစားရတာကိုသူတကယ်သဘောကျပုံ
ရပါတယ် ။အင်း basketball တင်မဟုတ်ဘူး
ဘောလုံးကန်ရတာလည်းသူကကြိုက်သေးတာ
ဒီကောင်လေး ball ဆိုအကုန်ကြိုက်တယ်
ထင်ပါရဲ့ ။ကိုယ့်အတွေးနဲ့ကိုယ်ရယ်ချင်ပြီး
ကျွန်တော့်မျက်နှာကစပ်ဖြဲဖြဲဖြစ်လာတယ် ။
ကစားနေရင်း လှမ်းကြည့်တဲ့ သူကလည်း
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ရဲ့
အပိုးမသေတဲ့ မျက်နှာချိုးကိုမြင်သွားတယ်ထင်ရဲ့ပြေးနေရင်းကခြေလှမ်းတုံ့သွားပြီး
နောက်ကိုလည်ပြန်လှည့်ကြည့်တယ် ။
![](https://img.wattpad.com/cover/108730234-288-k541383.jpg)
VOUS LISEZ
ကျွန်တော့်ရဲ့. . .ချစ်သော. .[HunHan OTP completed ]
NouvellesHH OTP ဖြစ်ပါသည်။ကျေးဇူးပြု၍အခြားOTP RL များထဲသို့မထည့်ပါနဲ့။