His Dear Person

7.6K 698 66
                                    

ပင်လယ်လှိုင်း၏...ကမ်းခြေသို့ တစ်ချက်ချင်း လာရောက် ရိုက်ခတ်သံကို...မှန်မှန် ကြားနေရသည်...

နီလာတုံးတစ်တုံးကို... အရည်ဖျော်ထားသလို
ပင်လယ်၏ နှစ်လိုဖွယ် ပြာလဲ့သော အရောင်အသွေးက စိတ်ကိုကြည်လင်စေ၏...

ကြည်ပြာရောင် နုနုလွင် မိုးကောင်းကင်ထက်
ပေါ်တွင်တော့...အဖြူရောင် တိမ်မျှင်ပါးတို့
ခပ်ရေးရေး ယှက်သန်းလျက်...

ရာသီဥတုက မဆိုစလောက်လေး အေးသည် ဆိုပေမယ့် ပင်လယ်လေနွေး ၏ ဖေးမမှုဖြင့်...
တစ်မျိုးတစ်ဖုံလေး ထူးဆန်းလို့နေသည်...

ဒီနေရာလေးက သိပ်ကို လှသည်ပဲ...

စိတ်အေးလက်အေးနှင့် ဘာမှမတွေးဘဲ...
တစ်နေကုန် ထိုင်ပြီး စိတ်ကူးယဉ်နေဖို့ပင်
ကောင်းသည်...

ငွေဖြင့် ဝယ်၍ မရနိုင်သော အရာများ
လောကတွင် ရှိပါသေးသည် ဟု ကျွန်တော်တို့ တစ်ခါတစ်ရံ ဖြေသိမ့်ရာရတတ်ကြသော်လည်း
ငွေ၏ အလှမ်းကျယ်မှုအပေါ်တွင်တော့...
မကြာခဏဆိုသလို သိမ်ငယ်ကြရမြဲ...

သူတို့လို...စိတ်လိုတိုင်း လက်ပါနိုင်သူများမှ လွဲ၍ပေါ့လေ...

ပင်လယ်နဲ့ ကမ်းခြေက အံ့သြမှင်သက်မိအောင် လှပပေမယ့်...လာရောက်အပန်းဖြေသူများ
စဉ်းငယ် မျှပင် မရှိသည်ကတော့ ထူးခြားသည်..
ယုတ်စွအဆုံး ဓာတ်ပုံရိုက်သူပင်မရှိ...

မဟုတ်မှလွဲ... Xiao Luhanဟာ...
ဒီကမ်းခြေကိုပါ ဝယ်ခဲ့သလား...

အတော်ကြောင်သော အတွေးဟု ကိုယ့်ကိုကိုယ် ပြန်သတိပေးလိုက်မိပေမယ့် မေးခွန်းတစ်ခု
အဖြစ်တော့ နံပါတ်စဉ်တပ်လိုက်မိသည်...

သမုဒ္ဒရာထဲက ကျွန်းတွေ...
လကမ္ဘာပေါ်က မြေကွက်တွေတောင်
ဝယ်ကြသေးတာပဲ...

ဖြစ်အောင်လုပ်နိုင်လျှင် ဖြစ်လာနေသော ယနေ့ခေတ်ကြီးတွင် ကျွန်တော်တို့အနေဖြင့်
ဖြစ်နိုင်ချေများစွာကို မဖြစ်မနေ...ထည့်သွင်းစဉ်းစားလာရပြီ...

အိမ်က...နှစ်ထပ်...

လူ့ပတ်ဝန်းကျင်နှင့် ကင်းကွာလျက်
သီးသီးသန့်သန့် တည်ရှိနေသော ဤအိမ်ဒီဇိုင်းကတော့ ခေတ်ဆန်လှပါ၏...

The unfolded storyWhere stories live. Discover now