His Secret

2K 352 43
                                    

"ဒီနေ့…ခင်ဗျားကို ပြောမယ့်အကြောင်းက…ကျွန်တော်လည်း သိပ်သိတာမျိုး မဟုတ်ဘူး"

သူက စီးကရက်ကို တစ်ချက်ဖွာလိုက်ပြီး…
ဆေးလိပ်ငွေ့များကြားမှ ရယ်သည်…

ခါတိုင်းလိုပင် လောကကြီးကို နာသာခံခက်
လှောင်ရယ်လိုက်ခြင်းမျိုး

"သူ့နားမှာ နှစ်တွေအများကြီး အတူတူရှိခဲ့ပေ
မယ့်…ကျွန်တော်လုံးဝ မသိခဲ့တဲ့…သူ့
အကြောင်း…"

"…………"

"သူ့သေတမ်းစာထဲမှာ ပြောခဲ့တာ"

"…………"

"သေတမ်းစာ ဆိုတော့ နားထောင်ကောင်းတာပေါ့လေ…တကယ်တမ်းတော့…ကျွန်တော့်ကို တစ်ဘဝလုံး ညှင်းဆဲရတာ အားမရလို့  ထပ်ပြီး ဒုက္ခပေးခဲ့ရုံပဲ"

ဗလာမျက်ဝန်းများ…ညှင်းသိုးသိုးဆံပင်…
သုန်မှုန်သော မျက်နှာ…အရောင်မွဲမွဲ အဖြူလက်ရှည်အောက်မှ ပိန်ပါးပါး သူ့ခန္ဓာကိုယ်ကို…
ကျွန်တော် တွေငေးကြည့်နေမိသည်~

"သူကပြောတယ်~
လောကကြီးမှာ သူ အချစ်ရဆုံး လူ နှစ်ယောက် ရှိခဲ့တယ်တဲ့"

"…………"

"သူ့ပထွေးနဲ့ ကျွန်တော်"

ဟင်

တိကျပြတ်တောင်းသော သူ့စကားကြောင့်…
ကျွန်တော် အံ့အားသင့်သွားရသည်

"သူက ပထွေးနဲ့ နေခဲ့ရတာလား"

"ကျွန်တော်မသိဘူး…သူ့မိသားစု…သူ့ငယ်ဘဝ
်ဘာကိုမှ သေချာမသိခဲ့ဘူး"

သူက ခေါင်းကို ခါရမ်းသည်…ခပ်လေးလေး…
ထို့နောက် ခဏ တိတ်ဆိတ်သွားသည်…

သူ့စိတ်အစဉ်သည် အတိတ်တစ်နေရာဆီ
လွင့်သွားခဲ့ပြန်ပြီထင်

"ဘာဖြစ်လို့လဲ…မသိချင်ခဲ့တာမျိုးလား"

"ခင်ဗျား…ကျွန်တော့်ကို နားလည်မှု လွဲနေတုန်းပဲ…Chanyeol…shi…ကျွန်တော် လူတစ်ယောက်ကို အကြောင်းမဲ့ မုန်းတီးနေခဲ့တာ မဟုတ်ဘူး"

"အာ…ဆောရီး…Sehun shi…ကျွန်တော်…
အဲဒီလို ဆိုလိုချင်တာ မဟုတ်ဘူး…
ခင်ဗျား စိတ်အနှောင့်အယှက် ဖြစ်သွားရင်
တောင်းပန်ပါတယ်"

The unfolded storyTempat cerita menjadi hidup. Temukan sekarang