ဆပ်ပြာမြုပ်များကြားမှ…ရွှေအိုဖျော့ရောင် ဆံပင်များကို…ကျွန်တော် တယုတယ ပွတ်သပ်နေမိသည်…
"အဟွပ်…ဟွပ်…"
ကျွန်တော့်ကို လက်ကာပြကာ ခဏရပ်ခိုင်းပြီး
ချောင်းဆိုးသည်…ခုတလော သူ ချောင်းဆိုးတာ ပိုဆိုးလာသည်…
ဟမ်…သွေးတွေ…
"သွေးတွေလား…"
"ဟမ်…အာ…ပေါက်တက်ကရ…မဟုတ်ပါဘူး"
ကြမ်းပြင်တွင်…စွန်းထင်းသွားသော…သွေးတို့ကို ကျွန်တော်…လက်ထဲမှ ရေပန်းနှင့်…ကပျာကယာ ဖြန်းပက်လိုက်မိသည်…
"ဘာမှ…သွေး မဟုတ်ဘူး…သလိပ်တွေ…
ခင်ဗျား နင်းမိရင် ချော်လဲမှာ စိုးလို့…ခဏလေး
ဆေးလိုက်ဦးမယ်"ရေစင်မှ ရေကိုပါ ဖွင့်ချပြီး ခြေထောက်များနှင့်
အကြိမ်ကြိမ် ပွတ်တိုက် ဆေးနေမိသည်…ဘာလို့လဲ… ဘာလို့…သွေးတွေပါ လာရတာလဲ
ကျွန်တော် ခြောက်ခြားနေမိသည်…
ရောဂါက ပိုဆိုးလာတာလား…
ဆရာဝန်ပြောတော့…သူ့အဆုတ်က ဆေးသောက်ရင် ကောင်းလာမှာပါ ဆို…
Chen Hyungလည်း အဲဒီအတိုင်း ပြောထားပြီး"ငါတို့ နာစ့်တစ်ယောက်လောက် ထားမလားလို့…Chenကို ပြောထားတယ်"
"ဘာအတွက်လဲ…"
ကျွန်တော်…သူ့ဆံပင်များကို ဆေးကြောပေးမိ
သည်…"မင်းတစ်ယောက်ထဲ…ပင်ပန်းတာပေါ့…"
"မပင်ပန်းပါဘူး…ကျွန်တော့်မှာလည်း တခြား
အလုပ်မရှိဘူးလေ""အင်း…ဒါပေမယ့်…"
"ခဏနေဦး…စကား မပြောနဲ့ဦး"
ဆပ်ပြာများ ကုန်စင်အောင် အပြီးသတ် ဆေးကြောသန့်စင်ပေးပြီး…တံဘက်နှင့် ပတ်ပေးလိုက်သည်…
"ဘာလို့လဲ…ကျွန်တော် လုပ်ပေးတာကို မကြိုက်လို့လား"
"ငါ…မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်လို့"
အခန်းဆီရောက်တော့…dryerနှင့်…သူ့ဆံပင်များကို မှုတ်ပေးနေမိသည်…
![](https://img.wattpad.com/cover/109061113-288-k615771.jpg)