အိမ်ရှင်တစ်ယောက်သာ အမြဲလိုလို ရှိနေတတ်သော ဧည့်ခန်းဖြူဖြူတွင်...ဒီနေ့မှာတော့
သီချင်းလေးတစ်ပုဒ်က အေးအေးသက်သာ ပျံ့လွင့်နေသည်...Our Tomorrow...
Xiao Luhan တရုတ်လို ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ...ထူးထူးဆန်းဆန်း...
"သူ ရှိတုန်းက...နေကောင်းတုန်းကဆို...
အဲဒီသီချင်းကို...ခဏခဏ ညည်းတတ်တယ်"ကျွန်တော့် သိချင်စိတ်ကို အကဲခတ်မိသလို...
သူက ပြောသည်..."ဒီနေ့က...ခင်ဗျားနဲ့ ကျွန်တော့်အတွက်...နောက်ဆုံးနေ့ ဖြစ်မှာပဲ...သူနဲ့ပက်သက်ပြီး ကျွန်တော် သိသမျှအကုန် ပြောပြပြီးပြီဆိုတော့"
"ဟင်း...ဟုတ်တယ်နော်..."
ဒီလိုဆိုတော့လည်း အချိန်တွေက မြန်သလိုပင်
ကျွန်တော်ဖြင့် ရေးရမလား...မရေးသင့်ဘူးလား
ခုထိ ဆုံးဖြတ်မရသေး...အတ္တစိတ်နှင့် ကိုယ်ချင်းစာစိတ်က အားပြိုင်လျက် ရှိနေဆဲ...
"အဲဒီတုန်းက သူ အဆုတ်မှာ အနာဖြစ်နေခဲ့တာလား"
"အင်း...ဒါပေမယ့် အဲဒါက နောက်ဆက်တွဲ အကျိုးဆက်တစ်ခုပဲ...တကယ်တမ်း...သူ့မှာ...
ပန်ကရိယ ကင်ဆာဖြစ်နေခဲ့တာ"ပန်ကရိယ ကင်ဆာဆိုသည်က...အချိန်လွန်မှ
သိရတတ်သည့် ရောဂါ မဟုတ်လား...
ဒါဆို အဆုတ်ထိ ပျံ့နေမှ သိခဲ့ကြတာလားအလွန်အမင်း ဝမ်းဗိုက်နာကျင်မှုကို ခံစားရသည့် ဝေဒနာ...အစားအသောက်စားလျှင်လည်း
အော့အန်တတ်သည်ဟု...ကျွန်တော် ကြားဖူးနားဝ ရှိသည်..."ကျွန်တော် ကန့်ကွက်ပေမယ့် သူနဲ့ Chen Hyung...နာစ့် ငှားကြတယ်...သူက သူနဲ့ ကျွန်တော့်ကြားမှာ တမင်တကာကို အလွှာတွေ ခြားခဲ့တယ်...Chanyeol"
"သူ ဝေဒနာခံစားနေရတဲ့ အချိန်တွေမှာ ကျွန်တော် သူ့နား ရှိခွင့်မရဘူး...သူက လုံးဝ အတွေ့မခံဘူး...ဘာတွေဖြစ်နေမှန်း...ဘယ်လိုတွေ နာကျင်ခံစားရမှန်း ကျွန်တော် တကယ် မမြင်ခဲ့ရဘူး..."
"............"
"Chen Hyungရယ်...ဆရာဝန်ရယ်...နာစ့်ရယ်
ကမှ ကျွန်တော့်ထက်ပိုပြီး သူ့ကို တွေ့ခွင့်ရသေး
တယ်"