His Request

3.3K 511 48
                                    


"ခင်ဗျား ဆေးလိပ်နံ့ ခံနိုင်လား"

"ဗျာ...အဲ...ရပါတယ်...ကိစ္စမရှိပါဘူး"

Chen Hyungအပြောအရတော့...
Xiao Luhan သူသည်သာ စီးကရက်ကို
စိတ်ထွက်ပေါက်တစ်ခုအဖြစ် သဘောထားပြီး
မက်မက်ရှိုက်ရှိုက် ဖွာတတ်သည်ဟု ကျွန်တော် သိထားခဲ့သည်...

အခုတော့ Oh Sehun သူသည်လည်း
စီးကရက် သောက်တတ်သည်လား...

သူက...စကားတစ်ခွန်းမျှ မစသေးဘဲ...
စီးကရက်ကို နှုတ်ခမ်းဖျား၌ တေ့ပြီး မီးညှိနေ
သည်...မီးမညှိခင် စီးကရက် ဖင်စီခံကို
ငွေရောင်မီးခြစ်နဲ့ ထိတိုက်နေပုံကို ကြည့်ရသည်
မှာတော့ စီးကရက်သောက်ခြင်းနှင့်သူ
အတော်လေး ယဉ်ပါးနေပုံရသည်...

"ဘာအကြောင်းကို သိချင်တာလဲ?"

သူက...အဖြူရောင်အငွေ့များ ဖွားခနဲ နှာခေါင်းမှ ထွက်ပေါ်လာသည်အထိ စီးကရက်ကို တစ်ချက်ရှိုက်လိုက်သည်...

မှတ်စုစာအုပ်ကို စားပွဲပေါ်တင်၍ အသံဖမ်းစက်
ကိုပါ...သူ မြင်သာအောင် စားပွဲပေါ်တင်လိုက်
ပြီးနောက် ပထမဦးဆုံးမေးခွန်းဖြင့် ကျွန်တော့် အင်တာဗျူးကို စဖွင့်လိုက်ပါသည်...

"ပထမဦးဆုံး...သူနဲ့ခင်ဗျား ဘယ်လို
စတွေ့ခဲ့သလဲ သိချင်ပါတယ်"

ပင်လယ်လှိုင်းရိုက်သံတို့ တစ်ချက်တစ်ချက်
ကြားရသည်မှလွဲ၍...လူနှစ်ယောက်သာရှိသော
အခန်းကျယ်သည်...စကားသံတို့ ကောင်းစွာ
ထွက်ပေါ်လာနိုင်ရန် အသင့်အနေအထား
ငြိမ်ဆိတ်နေခဲ့သည်...

"သူ...ကျွန်တော့်ကို ဘားတစ်ခုမှာ တွေ့ခဲ့တယ်
သူ့အသက် နှစ်ဆယ့်ငါးနှစ်...ကျွန်တော့်
အသက် ဆယ့်ခုနစ်နှစ်...သူ အဲဒီမှာ...
ကျွန်တော့်ကို ဝယ်လိုက်တယ်"

"........."

Xiao Luhanနှင့် ယှဉ်လျှင် ငွေကြေးချို့တဲ့သူဟု သူ့အား...ကျွန်တော် သိထားခဲ့သော်လည်း...
ငွေကြေးနှင့် ပိုင်းဖြတ်ခံရသော ဘဝတစ်ခုကို
ပိုင်ဆိုင်ထားခဲ့သူဟု နည်းနည်းလေးမျှ မထင်ခဲ့မိ

မှုန်တေတေမျက်နှာထား...ခပ်ပြတ်ပြတ်လေသံ
နှင့် မလှပသောအတိတ်ကို ဤသို့ သက်တောင့်
သက်သာပြောထွက်နိုင်သော...Oh Sehun
သည်...ဘယ်လိုလူမျိုးလဲ...

The unfolded storyDonde viven las historias. Descúbrelo ahora