His Heart

2K 320 20
                                    

"Yeol ဆိုလိုတာက…Oh Sehun ချစ်တယ်
ဆိုတာကို Xiao Luhanက မသိဘူးပေါ့…
အဲလိုလား…"

ကျွန်တော် ခေါင်းညိတ်ပြတော့ Baekက…နားမလည်နိုင်သလို…အူကြောင်ကြောင်ဖြစ်သွားသည်…

"ဘယ်လိုကြီးလဲ…"

"ဟင်း…သူတို့နှစ်ယောက်လုံးက မပွင့်လင်း…
မရိုးရှင်းကြဘူး…Baekရယ်"

"အင်း…"

ရက်သတ္တပတ်အချို့ ကုန်လွန်သွားသည်…
ကျွန်တော်နှင့် Sehunကတော့ သောကြာနေ့ ညနေတိုင်း တွေ့ဆုံဖြစ်ခဲ့ကြသည်…

ခက်ခဲသည့် သဘောတူညီမှုကို ခဲရာခဲဆစ်
ဆုံးဖြတ်ခဲ့ပြီးနောက်…
တစ်ဖက်တွင်တော့ ကျွန်တော်က
ပုံပြင်နားထောင်သူ…တစ်ဖက်တွင်တော့…
ကျွန်တော်က ပုံပြောသူ…

တစ်စတစ်စ ပုံပေါ်လာသော ရင်နင့်ဖွယ်…
ခြောက်ခြားဖွယ်…ကရုဏာသက်ဖွယ်ကောင်း
သော ရှည်လျားသည့်  အခန်းဆက်…ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်တော် Baekအား ပြောပြခဲ့ရသည်…

သေချာတာတစ်ခုက အချိန်နှင့်အမျှ ကျွန်တော်တို့နှစ်ယောက်လုံး၏ နှလုံးသားများ လေးလံလာခြင်းပင်~

ဇာတ်လမ်းက ပိုပြီး ရုပ်လုံးပေါ်လာလေ…
ပိုလို့ မွန်းကျပ်လေ…

ကူကယ်ရာမဲ့ ဝင်္ကဘာထဲတွင် ကျွန်တော်နှင့် Baek နှစ်ယောက်သား…ခေါင်းမာစွာနှင့် ထွက်ပေါက်ကို ရှာဖွေနေမိသလို ခံစားလာရသည်…

            💔  The Unfolded Story💔

"ဒီလိုဆိုတော့ Luhanက ကြောက်ဖို့ကောင်း
လိုက်တာနော်…ဘယ်လိုဖြစ်ပြီးများ လူတစ်ယောက်ကို သတ်ပစ်ဖို့အထိ တွေးနိုင်ရတာလဲ"

Baekက…တွေးရင်း တွေးရင်း…ကြက်သီးမွေးညင်းများထလာပုံ ရပါသည်…ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွားသည်…

"နောက်ပြီး…သူက Sehunကို ချစ်တယ်လို့သာ ပြောတာ…တန်ဖိုးမထားဘူးပဲ…ဘာလို့ အဲဒီလို ဝတ်လစ်စလစ်…ပုံတွေ ပို့လိုက်ရတာလဲ"

"………"

"သူ့ဟာက ချစ်တာနဲ့တောင် မတူတော့ဘူး…Baekလည်း Sehun နေရာမှာဆို အဲလိုပဲ လုပ်မိမှာ"

ကျွန်တော့်ချစ်သူသည် ကြိတ်မနိုင်ခဲမရ Sehunဘက်မှ နေ၍…ဒေါသထွက်နေသည်

The unfolded storyWhere stories live. Discover now