"အချစ်သာရှိရင် စိတ်နာတာတွေ အကုန်
မေ့ဖျောက်ပစ်လိုက်နိုင်တယ်လို့ ခင်ဗျား
ထင်လား"အတန်ကြာ တိတ်ဆိတ်သွားပြီးမှ...ရုတ်တရက်
မေးလာသော မေးခွန်းကြောင့်...ကျွန်တော်...
အစဉ်းစားရ ကျပ်သွားသည်...ဒီလိုမျိုး ကျွန်တော် တစ်ခါမှ မတွေးကြည့်ခဲ့ဖူး
"အင်း...ကျွန်တော်...မပြောတတ်ဘူး...Sehun..."
"အချစ်နဲ့ စိတ်နာတာက သတ်သတ်စီပဲ...
ခင်ဗျား သူ့ကိုစိတ်နာမယ်...ဒါပေမယ့် နှလုံးသား
ကလည်း မလွန်ဆန်နိုင်ဘဲ...ချစ်နေမိမယ်ဆို...
ခင်ဗျားဘဝက လုံးပါးပါးတော့တာပဲ...ခင်ဗျား သူ့ကိုချစ်တာကတစ်ပိုင်း...
တစ်ချိန်တည်းမှာ သူ့ကို ခင်ဗျား စိတ်နာနေ
တယ်...အဲဒီအချိန်မှာ ခင်ဗျားအချစ်က
ဘယ်တော့မှ သန့်စင်နိုင်တော့မှာ မဟုတ်ဘူး...အာဃာတတွေ ပါလာမယ်...
အညှိုးတွေ...ကလဲ့စားတွေ...အဲဒါကို ဘယ်လိုအဆုံးသတ်ရမယ်မှန်း ခင်ဗျားမသိဘူး"ဒါပေမယ့်...အချစ်မှာ ခွင့်လွှတ်ခြင်းကတော့...
ရှိခဲ့ပါသည်...စစ်မှန်သည့် အချစ်တစ်ခုတွင် ခွင့်လွှတ်နိုင်မှု
က သေချာပေါက် ရှိသည်..."သူက ချစ်တာမဟုတ်ဘူး...နှစ်တာ"
အပြင်ဘက်တွင်တော့...သူရိန်နေမင်းက...
ပင်လယ်ထဲသို့ တစ်စတစ်စ နပ်မြုပ်စပြုနေခဲ့ပြီ
Oh Sehun...သူကတော့...စုန်းစုန်းမြုပ်လုနီးပါး နေမင်းကို...တွေငေးငေး ကြည့်နေခဲ့သည်"ချစ်တယ်လို့ပြောပြီး ခင်ဗျားဘဝတစ်ခုလုံးကို
ပိန်ချိုင့်စုတ်ပြတ်သတ်သွားအောင် သူ ဖျက်ဆီး
လိုက်လိမ့်မယ်...
ပြီးရင် လူရုပ်မပေါ်တဲ့ အဲဒီဘဝ အထွေးအစိုင်
ကြီးကို လူရှေ့သူရှေ့မှာ တယုတယ ပိုက်ထားပြလိမ့်မယ်...အဲဒါ သူချစ်တဲ့နည်းပဲ"ကြောက်စရာကောင်းလိုက်တာ
ကျွန်တော် ကြက်သီးမွေးညင်းများ ထသွားသည်
ပေါ်လွင်လိုက်တဲ့ ဥပမာ...အဲလိုမျိုးကြီးတော့ ဘယ်သူက အချစ်ခံချင်မလဲ
အချစ်ဆိုတာက အပြန်အလှန် နားလည်မှုနှင့် တည်ဆောက်ရသည်ပဲ...