You know me Well
Taoris
Ep-1
Seoul University
တိတ်ဆိတ်နေတဲ့ကျောင်းကြီးမှာ ဆူညံမှုတစ်ခုဖြစ်လာခဲ့တော့တယ်
စသင်ခန်းတစ်ခုပြီးတစ်ခုကို ခြေသံပြင်းပြင်းတစ်ခု အမှန်က အမောတကော ပြေးလာသံအသံကို ကျောင်းသားရေးရာရှိရာသို့ အခန်းတိုင်းကကျောင်းသားတွေကလည်း စာသာသင်နေကြတာ ခေါင်းထောင်ကာနားကိုစွင့်ထားကြတယ်တံခါးကိုဝရုန်းသုန်းကားဆွဲဖွင့်သံကြောင့် ကျောင်းသားရေးရာက ကျောင်းသားခေါင်းဆောင်Suhoတွန့်ခနဲဖြစ်သွားတာ
'ဟ ဖြည်းဖြည်းလုပ်ပါဟ မင်းကလည်း လန့်ထှာ'
'ဟာ လန့်တာအသာထား ဟိုမှာ ရန်ဖြစ်တော့မယ်'
'ဘာ ဘယ်သူလဲ ဘယ်သူတွေရန်ဖြစ်မှာလဲ'
'Tao နဲ့Krisကွ'
'Borrrrrrrrr'
ဒီလိုနဲ့တိတ်ဆိတ်တဲ့ကျောင်းကြီးက စတင်ဆူညံလာတော့တာပေါ့
~~~~~~~~~~~~~~~~~
အတန်းတိုင်းကရှိသမျှကျောင်းသားကျောင်းသူတွေအကုန်လုံးTaoနဲ့Kris ရန်ဖြစ်မယ်ဆိုတဲ့သတင်းလည်းကြားရော အတန်းတိုင်းက ပြူးတစ်ပြူးတစ်နဲ့ ချောင်းကြည့်ကြတော့တယ် ထွက်လည်းထွက်မကြည့်ရဲ
ပြောရမယ်ဆိုရင် Taoနဲ့Krisဆိုတာ Seoul Uniက နာမည်အကြီးဆုံးစုံတွဲ အဲ ကြိုက်နေတာတော့မဟုတ်ဘူးပေါ့ ရန်ဖြစ်ဆုံးသောအတွဲ
ဘာကြောင့်ရန်ဖြစ်လဲဆို ရည်းစားလုကြတာ ခုလည်း အဲ့ကိစ္စပါပဲ~~~~~~~~~~~~~~~~~~
ကျောင်းရဲ့ ဘေးက ဘောလုံးကွင်းဘေးမှာ ချောမောတဲ့ကောင်မလေးရယ် ယောက်ျားပီသတဲ့ကောင်လေး၂ယောက်ရယ် ရပ်နေကြတယ် အဝေးကကြည့်နေရတာဆိုပေမယ့် အခြေအနေတင်းမာနေတာသိသာတယ်
'Kris မင်း ငါ့ကိုလိုက်ပြိုင်နေတာတော်သင့်ပြီလို့ ငါထင်တယ်'
ကောင်လေးတစ်ယောက်က စပြောတော့ Krisလို့အခေါ်ခံရတဲ့ကောင်လေးက မဲ့ပြုံးပြုံးကာ
![](https://img.wattpad.com/cover/109268146-288-k747181.jpg)