You Know Me Well
Ep-10
Krisတို့ အပန်းဖြေအိမ်မှာသွားနေတဲ့ တစ်လျှောက်လုံး Haung Zitaoဆိုတာ အေးဆေးမနေရအောင်ကို ကလိနေတာ Taoခဗျာ ဘယ်လိုမှ ရှောင်လိုမရ ရှားလို့မရ
မိဘအိမ်ပြန်နေတော့မှ အသက်ရှုချောင်ရတော့တယ် အိမ်ပြန်ရောက်တော့လည်း ပြဿနာတစ်ခုက ထပ်တက်ပြန်ပါတော့တယ် အကြောင်းက'မရဘူး Taoကို ကျွန်တော့အနားမှာပဲထားမှာ ကျောင်းကို စာပေးစာယူပဲတက် အို ကုန်ကုန်ပြောမယ် ကျွန်တော်ရှာကျွေးနိုင်တယ် Taoစာသင်စရာတောင်မလိုဘူး'
ကျောင်းပိတ်နေတဲ့အချိန်တွေတုန်းက ဒီကိစ္စကိုလုံးဝသတိမရဘဲ ခုTaoကျောင်းတက်မယ်ဆိုတဲ့အခါကျမှ ထကန့်ကွက်နေတာ မြင်မကောင်း ဒေါသတွေ တရှူးရှူးနဲ့ မီးမှုတ်နေတဲ့အတိုင်း
(အေးလေ နဂါးပဲဟာ)Taoလည်း စိတ်တွေတိုနေပါပြီ
'ကိုယ်ချင်းစာစိတ်ခင်ဗျားမှာမရှိဘူးလား ခင်ဗျားကျတော့ ကျောင်းဆက်တက်ပြီး ကျွန်တော်က ဘာဖြစ်တယ် စာပေးစာယူဟုတ်လား စဉ်းစဉ်းစားစား ပြောပါဦး Kris Wuရာ'
'အဲ့လိုဆိုလည်း ကိုယ်လည်း စာပေးစာယူတက်မယ် မင်းလည်း စာပေးစာယူတက် ကိုယ်က companyဦးစီးမယ် မင်းက အိမ်မှာ ကိုယ့်ကို ပြုစုဖို့ ချစ်ခင်ဖို့နေပေး'
'ဘာဗျ မလုပ်ဘူး လုံးဝမလုပ်နိုင်ဘူး တက်မှာ ကျောင်းတက်ကိုတက်ဦးမှာ လာမတားနဲ့ တားပိုင်ခွင့် ခင်ဗျားမှာမရှိဘူး'
Taoနဲ့Kris အချေအတင်ရန်ဖြစ်နေကြတာ အောက်ထပ်မိဘတွေမကြားမဟုတ် ကြားကြပါတယ် လင်မယားကိစ္စ၀င်မပါချင်လို့သာ နေနေကြတာ
Krisကတော့ Taoရဲ့ တားပိုင်ခွင့်ဆိုတဲ့စကားနဲ့တင်ဒေါသကချောင်းချောင်းထွက်နေပြီ'ငါကဘာလို့တားပိုင်ခွင့်မရှိရမှာလဲ ရှိတယ် ငါက မင်းလင် မင်းယောက်ျား ငါ့မှာပြောပိုင်ခွင့်လုပ်ပိုင်ခွင့်ရှိတယ်'
