You Know Me Well
Ep-5
်
(သေချာ မရှင်းပြရသေးဘူးထင်လို့ပါ Taoနဲ့ Kris အသက်၂နှစ်နီးပါးကွာပါတယ် Taoလေးကို ငယ်ငယ်တည်းကအဂိပ်တကြည့်ကြည့်နေချင်လို့ Taoနဲ့အတူတူအတန်းတက်ခဲ့တယ် ဒါပေမဲ့ Taoက ငယ်ငယ်တည်းက မိန်းကလေးပဲစိတ်ဝင်စားပြီး ကလေးသဘာဝ ကိုယ်သဘောကျတဲ့သူနားပဲကပ်နေတာ သူcrushရတဲ့Bing Bingဆိုတာ ကျယ်မ သိပ်ကြိုက်တဲ့မင်းသမီးလေ Challenger Unionထဲက Fan Fanရဲ့ အစ်မလိုဖြစ်နေတဲ့သူ တခြားသူတွေထည့်ချင်ပေမယ့်လို့ ဘယ်သူကိုမှ မဇာတ်မသွင်းချင်ဘူး ကိုယ်ကိုယ်တိုင်လည်း Biasတွေကို မိန်းမနေရာထားပြီး Ficရေးဖို့ အရင်ficတွေတည်းကစိတ်ကူးမရှိဘူး ဒါကြောင့် Yaoiပဲရေးခဲ့တာပါ ပြန်ဆက်မယ်နော် Bing Bingနဲ့ Fan Fanက တစ်ဝမ်းကွဲနေရာထားလိုက်တာ Bing Bingမိဘတွေက Taoလေးနဲ့စေ့စပ်ပေးချင်ပေမယ့် စကားပဲကမ်းလှမ်းထားပြီ နိုင်ငံခြားထွက်သွားကြတယ် Krisကတော့ သူ့အစ်မလည်းထွက်သွားရော Taoကိုအပိုင်ရဖို့ကြိုးပမ်းတော့တာ ခက်တာက Taoက မိန်းကလေးပဲလိုချင်တာဆိုတော့ Krisတွေဝေပြီး ငါလည်းယောက်ျားပဲ မိန်းကလေးတွေနဲ့တွဲမယ်ဆိုပြီ တစ်ယောက်ပြီးတစ်ယောက်တွဲတယ် ဒါပေမဲ့ သူ့စိတ်က Taoဆီမှာပဲရှိနေတာ
မကြာပါဘူး Taoက ကောင်မခေးတစ်ယောက်ကိုလိုက်နေတယ်လည်းကြားရော Kris ယောက်ယက်ခက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ နောက်ဆုံးသူဆုံးဖြတ်လိုက်တာက Taoလိုက်သမျှ မိန်းကလေးတိုင်းကို Krisက ပြန်လိုက်မယ်ဆိုတာပါပဲ သူတွေးတာ ဒါဟာ Taoသူ့ကို သတိထားမိမယ့် နည်းလမ်းတစ်ခုလို့ သူမှတ်ယူလိုက်တာပါပဲ ကဲ ဇာတ်လမ်းကိုပြန်သွားမယ်)နံနက်မိုးလင်းခါနီးတော့ Krisနိုးလာခဲ့တယ် အနားကိုတိုးကပ်ပြီးအိပ်နေတဲ့ pandaလေးကိုတွေ့တော့ ကြည်နူးတာက ထိန်းမရ သိမ်းမရ ချစ်ရသူနဲ့နိုးထရတဲ့မနက်ခင်းက သိပ်စိတ်ချမ်းသာတာပဲ ဒါပေမဲ့ ကြာကြာတော့စိတ်မချမ်းသာနိုင် သူ့မျက်နှာမြင်တာနဲ့ သူကြည်နူးတာရဲဆန့်ကျင်ဖက် ဒေါသနဲ့တွေ့ရမယ်ဆိုတာသိလို့ အိပ်ယာကနေ ဖြည်းဖြည်းချင်းထ အိပ်နေတဲ့ ကလေးလေးရဲ့မျက်နှာလေးကို ဖွဖွလေး နမ်းလိုက်ပြီး အခန်းထဲကနေ ကမန်းကတန်းထွက်ရတော့တယ်
