You Know Me Well
Ep-15
(Tao အထင်လွဲပြီး clubကထွက်ပြေးလာတာထိရောက်သွားပြီနော်)
Taoထိုညက မိုးမိသွားလို့ ဖျားလေတော့တယ် ညတည်းကဖျားတာ Krisလည်း Taoဘာကြောင့်ဖျားမှန်းမသိဘဲ ပြုစုပေးနေတာ တစ်ညလုံး
Taoနိုးလာတော့ နဖူးပေါ်တင်ထားတဲ့ရေ၀တ်လေးကို ဖယ်လိုက်ပြီး ငုတ်ထိုင်ထလိုက်တော့ ကုတင် အောက်မှာထိုင်ပြီး Taoလက်ကိုကိုင်ပြီးအိပ်ပျော်နေတဲ့Kris
တော်သေးတယ် အောက်ကြမ်းခင်းက ကောဇောက ထူလို့ သူ့လက်ထဲက Taoလက်ကို ညင်ညင်သာသာဖယ်လိုက်ပြီး ဘေးကစောင်အပါးလေးကိုသူ့ပေါ်လွှားတင်ပေးလိုက်တယ်
ဘယ်လောက်ပဲ ကိုယ့်အပေါ်ထောက်ပြန်ချင်တယ်ပြောပြောလေ တစ်ခုခုဖြစ်မှာတော့မလိုလားဘူးအိပ်ပျော်နေတဲ့သူ့ကို ကြည့်နေရင်း ညက သူနဲ့ထိုမိန်းမနဲ့ ပျော်နေကြတာကိုမြင်ယောင်မိနေတယ် တဆက်တည်းတွေးမိတာက အဲ့မိန်းမသူ့ကိုဘယ်နေရာတွေထိတွေ့လိုက်သလဲ နဖူးလား နှုတ်ခမ်းလား ပါးလား ဘယ်နေရာတွေထိပြီးပြီလဲ
Taoသတိထားမိချိန်မှာ Tao Kriနှုတ်ခမ်းကို နမ်းမိနေပါပြီ
အနည်းငယ်လူးလွန့်လာတဲ့ Krisကြောင့် Taoလန့်ကာခွာလိုက်ပြီး နောက်ကိုဆုတ်လိုက်တယ် သူမျက်လုံး လုံးဝပွင့်မလာခင် ရေချိုးခန်းကိုထပြေးရတယ်ရေဖွင့်ချပြီး မျက်နှာကိုတဖန်းဖန်းနဲ့သစ်နေလိုက်တာ
'Taoလား နေမကောင်းတာကို ဘာလို့ မျက်နှာတွေသစ်နေတာလဲ ဖျားတော့မှာပဲ ထွက်တော့ လာ လာ'
Kris နိုးလာတော့ ခုတင်ပေါ်မှာ Taoမရှိ ရေချိုးခန်းထဲက ရေသံကြားလို့ ထကြည့်ရသေးတယ်
ခဏကြာတော့ Taoထွက်လာတယ် ပါးလေးတွေနီရဲနေတာ
'Tao မျက်နှာကနီရဲနေပါလား နေမကောင်းဘူးလား ဟင်,'
Kris ပြောပြောဆိုဆိုနဲ့ Taoမျက်နှာလေးကို အဖျားစမ်းကြည့်နေတော့ မျက်နှာလေးကပိုလို့တောင်ရဲလာတာ
