You Know Me Well
Ep-14
Tao'pov
Kris Wu ဒီလူကြီးတော်တော်လေးထူးဆန်းနေတယ် ခါတိုင်းဆို Chanyeol hyungက ကျွန်တော့ဆီလာပေမယ့် တကယ်တမ်း ဧည့်ခံသူက သူဖြစ်နေတာ တစ်ခါတစ်လေ သူတို့၂ယောက် ကျိတ်ကျိတ်နဲ့ ဘာတွေပြောနေမှန်းမသိ သူတို့နားသွားလိုက်ရင်လည်း စကားလမ်းကြောင်းလွှဲလိုက်သလိုကြီး
ခုလည်းကြည့် မနက်တည်းက ၂ယောက်အတူထွက်သွားတာ ခုထိပြန်မလာကြသေးဘူး ည9.00ဖြစ်နေပြီ'တီ တီ'
ဟင် ပြန်လာကြပြီထင်တယ် သွားကြိုရကောင်းမလား နေပါဦး ပုန်းနေရမယ်
Taoပုန်းနေလိုက်တယ် မသိကြတဲ့ Krisနဲ့Chanyeolက
'Goodbye ချစ်ကိုကြီး'
'Goodnight ချစ်ညီလေး'
မူးလာကြတာလား အမလေး ဖက်နေလိုက်ကြတာ ကော်အခု၁၀၀နဲ့ကပ်ထားတာ ဖြတ်ထုတ်တောင်ကွာကြမှာမဟုတ်ဘူး
'ဟေ့ အေ့ Zi Tao ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ယောကျာ်း ဘယ်ရောက်နေလဲ အေ့'
Kris မူးမူးရူးရူးနဲ့ အိမ်ထဲထိတောက်လျှောက်အော်နေတာ Taoပုန်းမနေနိုင်တော့
'Shhhh တိတ်တိတ်နေ အောက်မှာ အဖေတို့အိပ်နေကြပြီ ဘာလို့ပွက်လောရိုက်နေတာလဲ,'
'ကိုယ့်ယောကျာ်းကိုယ်ခေါ်တာ ဘာဖြစ်လဲ ဘူ့ဂုစိုက် အေ့ ရမှာလဲ'
'တိတ်ဆိုနေ လာအပေါ်သွားမယ်'
Tao Krisကိုယ်အလေးကြီးကို တွဲကာ အပေါ်ကိုမနိုင်တနိုင် တွဲတင်ရတော့တယ် တွဲခါမှပဲ တစ်ခါတည်းကိုမှီနေတာ ၂ယောက်လုံး လှေကားပြုတ်ကျလို့ သေနေမှ
ဒီလိုနဲ့ခက်ခက်ခဲခဲ တွဲတင်ပြီး အခန်းထဲခေါ်ကာ ကုတင်ပေါ်ပြစ်တင်လိုက်တယ်
'လာပါဦး ကိုယ့်ကလေးလေးရဲ့'
ကုတင်ပေါ်ကနေTaoကို လက်ဆွဲခေါ်နေတာ
'မလာဘူး နံတယ်'
'ချစ်ကလည်းကွာ😢😢'
Kris မူးနေလို့ သူလိုတာမရတာနဲ့ရုပ်က ငိုမဲ့မဲ့နဲ့ Taoအသဲယားသလို နှုတ်ခမ်းကိုက်ထားမိတယ်
