You Know Well
Ep-13
'Zi Tao ခဏလောက်လာပါဦး'
Kris ဧည့်ခန်းကနေဖြတ်ပြီး အိမ်ပေါ်တက်မလို့လုပ်နေတဲ့Taoကိုလှမ်းခေါ်လိုက်တယ်
'ဘာလဲ ဘာပြောမလို့လဲ'
Kris မျက်နှာမဲ့သွားတယ် ခုနကChanyeolဆိုတဲ့တစ်ယောက်နဲ့စကားပြေနေတုန်းက မျက်နှာကဒီလိုမဟုတ် ရင်ထဲမှာ စစ်ခနဲဖြစ်သွားပေမယ့်
'မင်းနဲ့Chanyeolက ဘာလဲ'
'ဘာကဘာကိုလဲ ဘာပြောချင်တာလဲ ဒဲ့မေး'
Taoမကျေမချမ်းပြောပြီး သူ့ကိုမကြည့်ဘဲ မျက်နှာတစ်ဖက်လွှဲသွားတယ်
'ငါမေးချင်တာ မင်းတို့ မိတ်ဆွေတွေလား သူငယ်ချင်လား ဘယ်လိုအနေအထားလဲ မေးချင်တာ မိတ်ဆွေသူငယ်ချင်းဆိုလည်း နေသင့်ထိုင်သင့်တဲ့ပုံစံ ရှိတယ် ခုတော့ မင်းတို့က အချိန်ကိုအချိန်မှန်းမသိ အဲ့လောက်ထိအကြာကြီး စကားပြောသင့်လား သူ့ကို အိမ်ထဲခေါ်လာခဲ့လို့မရဘူးလား'
'ဟာ စကားပြောတာပဲနေရာတွေလိုသေးလို့လား ပြီးတော့ ယောက်ျားလေးတွေစကားပြောတာ ဘယ်သူကဘာထင်မှာလဲ'
'မင်းက ငါလက်ထပ်ထားတဲ့သူလေ ကာမပိုင်လင်ရှိတဲ့ မင်းက တခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေတာ လူမြင်သွားရင် ဘယ်လောက်ထိ ကဲ့ရဲ့ကြမလဲမင်းနားမလည်ဘူးလား'
'မလည်နိုင်ပါဘူး ပတ်ဝန်းကျင်ဆိုတာကို ဂရုစိုက်နေရင်လည်း ဘာလို့လက်ထပ်ခဲ့သေးလဲ'
'ဘာကွ မင်း'
Krisဒေါသတကြီးနဲ့လက်ပါတော့မယ့်ဆဲဆဲမှာ Krisရဲ့အမေက ၀င်ဆွဲရတယ်
'ဟဲ့ ဟဲ့ မလုပ်နဲ့လေ လွန်မယ် တော်ကြတော့ ဘာမှမဟုတ်ပြဿနာလေးကို ဘာလို့ရေးကြီးခွင်ကျယ်လုပ်နေတာလဲ Taoလေးလည်းပျင်းရှာမှာပေါ့ သားကတစ်နေ့လုံး companyကိစ္စနဲ့လုံးပန်းနေတာ သူလည်း သူငယ်ချင်းလိုချင်ရှာမှာပေါ့ကွယ်'
