You Know Me Well-8

773 71 3
                                    

You Know Me Well

Ep-8

Taoညဖက်​​ရောက်​လာ​လေ ဘယ်​​ပြေးပုန်းရမယ်​မသိ​လေ သူ​နေတဲ့အခန်းထဲမ၀င်​ချင်​လို့ အရင်​အခန်းကိုသွားပြန်​​တော့လည်း တံခါးကို​သော့ပိတ်​ထားတယ်​ ​သေချာတယ်​ Papaပဲ​နေမှာ

ဘာလို့ လူတိုင်းက သူ့ကိုပဲကူညီချင်​​နေတာလဲ​နော်​ ဟင့်
ဒါနဲ့ပဲTao ​သော့ကိုကျိတ်​ရှာ​နေတာ အိပ်​ချိန်​​ရောက်​လာပြီ မ​တွေ့​သေးဘူး
ပြဿနာပဲ

'သား မအိပ်​​သေးဘူးလား'

'ဗျာ ma အာ အိပ်​မှာပါ 😁😁'

'အင်း သွားအိပ်​​လေ ညဉ့်​နက်​​နေပြီ သွား သွား'

'ဟုတ်​ ma Good night Ma'

Maကိုနှုတ်​ဆက်​ပြီး အ​ပေါ်ထပ်​ခန်းဆီကို မတက်​ချင်​တက်​ချင်​နဲ့ တက်​လာခဲ့ရတယ်​ စိတိညစ်​တယ်​​နော်

အခန်းတံခါးလည်းဖွင့်​ဝင်​လိုက်​​ရော ခုတင်​ထက်​မှာ အကျအန မှိထိုင်​ပြီး သူရှိရာတံခါးဖက်​ကို လက်​ပိုက်​ကြည့်​​နေတဲ့ Kris Wu

'လာ​လေ အိပ်​ရ​အောင်​ အပြင်​မှာဘာလုပ်​​နေတာလဲ အကြာကြီး'

'အတူတူအိပ်​မယ်​လို့​ပြောမိလို့လား'

'လက်​ထပ်​ပြီးသားသူ​တွေအတူမ​နေရဘူးလို့များ​ပြောကြလို့လား'

'မသိဘူး သိလည်းမသိချင်​ဘူး တိုးဟိုဖက်​ကို အနားကိုကပ်​မလာနဲ့ အလယ်​ကစည်းချထားမယ်​'

Taoပါးစပ်​က ​ပေါက်​​ပေါက်​​ဖောက်​ရင်း လယ်​မှာ ​စောင်​ကို အရှည်​အတိုင်းလုပ်​ပြီး ​နေရာချ ဖက်​လုံးက ယူလိုက်​ပြီး​နေရာချလိုက်​​သေးတယ်​ ပြီးလည်းပြီး​ရော ကုတင်​တစ်​ဖက်​ခြမ်းမှာ​နေရာယူပြီး ၀င်​လှဲလိုက်​တယ်

'စည်း​ကျော်​လာရင်​ ကျွန်​​တော့အဆိုးမဆိုနဲ့ '

လှည့်​​ပြောပြီး ​စောင်​ကို​ခေါင်းထိလုံ​အောင်​ခြုံပြီး အိပ်​သွား​တော့တယ်​ Kris Taoလုံးဝအိပ်​​ပျော်​သွားတဲ့အထိ​စောင့်​ပြီး​တော့မှ အချိန်​တန်​တာနဲ့ အလယ်​က စည်း​တွေကိုအကုန်​ကုတင်​​အောင်​ကိုကန်​ချ ပြီး ​စောင်​နဲ့လုံး​နေတဲ့​ကောင်​​လေးကို ဆွဲကာဖက်​ထားလိုက်​​တော့တယ်

You Know Me WellWhere stories live. Discover now