Part9

5.7K 481 7
                                    

"Nae...မနက်ဖြန်
ကျွန်တော်လာခဲ့ပါ့မယ်..."

"ဘယ်သူလဲ?"

Chanyeolဖုန်းချပြီးတာနဲ့Baekhyun
သိချင်၍မေးလာခဲ့သည်

"Dara Noona... "

" သူကဘာလို့ဖုန်းဆက်တာလဲ? "

ထိုအသံတွင်..မဆိုသလောက်လေး
ဒေါသသံတွေပါနေပါလိမ့်မယ်

"Nonnaက......ဖေဖေတို့နဲ့
ရှယ်ယာလုပ်ငန်းတူလေ...အဲ့ဒါကုမ္ပဏီရဲ့
လည်ပတ်အားကိုသွားစစ်ဆေး
ချင်တယ်ဆိုလို့...မနက်ဖြန်ကိုယ့်ကို
လိုက်ခဲ့ပေးဖို့ခေါ်နေတာ"

ပိုင်စိုးပိုင်နက်.. မနေ့တနေ့ကမှ
သူတို့ဆီကပြန်လာတာကို...။
နောက်ပြီးသူမရှိတဲ့မျက်ကွယ်မှာ
ထိုမိန်းမနဲ့ဖလှယ်တကင်းနေနေမှာ
မကြိုက်ပါဘူး..

"မသွားရပါဘူး!"

"Wae?Baby...ကိုယ်ကအလုပ်ကိစ္စနဲ့"

"ဖေဖေရှိတာပဲ....
ဘာလို့ Chanyeolကသွားမှာလဲ? "

"ဖေဖေကအခုJapanရောက်နေတယ်Babyရဲ့၊Dara Noonaကလည်း
သူမပြန်ခင်လေး သွားကြည့်ချင်တယ်ဆိုလို့....ကိုယ်သွားမှရမှာမို့ပါ"

သူ့ကိုအဲ့မိန်းမနဲ့စိတ်မချလို့ပြောလို့ပြောမှန်းမသိ!သူဆိုတာလေ...တခါတလေတော့လည်းပြောရတာလက်ပေါက်ကပ်သား။

"ကျွန်တော်ကမသွားနဲ့ဆိုရင်ရော.."

"မဖြစ်လို့ပါ..Babyရယ် "

တွေ့တယ်မလား!အဲ့မိန်းမအတွက်ဆို
သူကိုကအရမ်းအဖြစ်သည်းပြနေတာ

"ကောင်းပြီလေ...သွား!! ပြန်မလာခဲ့နဲ့
အဲ့မိန်းမနဲ့သာပျော်အောင်နေခဲ့!😠"

"Bae ..ကိုယ့်ကိုစိတ်ဆိုးသွားတာလား?
စိတ်မဆိုးပါနဲ့ကလေးရယ်နော်
ခဏပါ...ကိုယ်ပြီးတာနဲ့ချက်ချင်း
ပြန်လာခဲ့မယ်နော်"

"ပြန်လာချင်လာ..မလာချင်နေ
ဂရုမစိုက်ဘူး...အခုသိတာတစ်ခုပဲရှိတယ်
ချက်ချင်းကားကိုရပ်ပေးပါ
Park Chanyeol shii "

"Wae?ကိုယ်ကျောင်းလိုက်ပို့ပေးမယ်လေ..."

"မလိုတော့ဘူး!အခုချက်ချင်းကားရပ်ပေး
မလား?တံခါးဖွင့်ပြီးပဲခုန်ချလိုက်ရမလားပြော! "

YouTuber & 🐶Where stories live. Discover now