Part7

5.9K 509 9
                                    

"မေမေ့မြေးတွေရောက်လာကြပြီမေမေရေ.."

နမ့်ဆမ်းရပ်ကွက်မှာရှိတဲ့မိဘတွေအိမ်ကို
ရောက်လာကြတဲ့...တစ်မိသားစုလုံးကသည်းသည်းလှုပ်ချစ်ရတဲ့မြေးဦးလေးchanyeolနဲ့ နောင်တချိန်တော်စပ်ရတော့မယ့်မြေးဖြစ်သူ baekhyunနဲ့ တွေ့ဆုံကြတဲ့ပွဲလေးဖြစ်တာကြောင့်..အိမ်သားတွေအားလုံးလည်းစိတ်လှုပ်ရှားနေကြတယ်

ကိုရီးယားနိုင်ငံရဲ့ Fanတွေအများကြီးဆီက
ထောက်ခံအားပေးမှုနဲ့အတူChanbaek
ဆိုတဲ့ ချစ်သူနှစ်ဦးလာမှာမို့Mediaတွေ
ကလည်းအိမ်ရှေ့မှာရုတ်ရုတ်သဲသဲနဲ့ပင်။

အားလုံးသိကြတဲ့ChanBaekဆိုတာ
Fanတွေကနည်းအမျိုးမျိုးနဲ့အတင်းစေ့စပ်
ကြားဝင်ထားပြီး ချစ်သူဘဝရောက်အောင်
အတင်းတွန်းပို့ထားတာဖြစ်ပြီး..တစ်ကမ္ဘာ
လုံးဆီကအချစ်တွေအားလုံး
ကိုရထားသူနှစ်ယောက်ဆိုတာလည်း
လူတိုင်းသိကြပြီးသားပါ။

ဒါပင်မယ့်.... သူတို့နှစ်ယောက်ဆက်ဆံရေးက ဘော်ဒါအဆင့်သာဖြစ်ပြီးအခုထိ ချစ်သူအဖြစ်မရောက်ရှိသေးသလို....
အခြေအနေအားလုံးငြိမ်သက်အောင်သာ
ဟန်ဆောင်ထားခြင်းဆိုတဲ့သတင်းတွေ
ထွက်လာမှုနဲ့အတူ အပြီးသတ်လမ်းခွဲခြင်းများလည်းထွက်ပေါ်လာခဲ့တာကြောင့်
တကမ္ဘာလုံးက ChanBaek Fanတွေ ငိုပွဲဆင်ခဲ့ရတဲ့အခြေအနေ တွေဖြစ်ပေါ်ခဲ့တဲ့အပြင် Mediaတွေကပါစိတ်ဝင်တစားဖြစ်နေတဲ့သတင်းတစ်ပုဒ်ပါ။

အုံ့အုံ့သဲသဲဖြစ်နေကြတဲ့အချိန်..နှစ်ပတ်ပြည့်တဲ့နေ့မှာပဲ နမ့်ဆမ်း ရပ်ကွပ်မှာရှိတဲ့Chanyeolရဲ့မိဘအိမ်ကို
Baekhyunနဲ့နှစ်ယောက်အတူ မိဘတွေကို
တွေ့မယ်ဆိုတဲ့သတင်းတွေတက်လာမှုကလည်းအသီးသီးသောကွန်ရက်မွာနံပါတ် -တစ်- နေရာယူခဲ့ပြန်တယ်...။
သူတို့နှစ်ယောက်တကယ်ပဲလွမ်းခွဲခဲ့တာလား?ဒါမှမဟုတ် ?ချစ်သူတွေအဖြစ်ပြန်လည်တည်ဆောက်ခဲ့တာလား??ဆိုတာတော့စောင့်ကြည့်ရမယ့် အခြေအနေ
တစ်ခုပါပဲ။

ကားအမဲလေးတစ်စီး 6104 အိမ်ရှေ့
ရပ်လိုက်သည်နဲ့အသီးသီးသောMediaတွေ
အားလုံးပတ်ပတ်လည်ဝိုင်းထားကြပြီဖြစ်လေရဲ့။

Chanyeolနဲ့baekhyunကားထဲကနေ
ထွက်လာပြီဆိုတာနဲ့..ကင်မရာမီးတွေကလည်းတဖျက်ဖျက်၊CB fanတွေလည်းအပြည့်မို့ နမ့်ဆန်း ရပ်ကွက်တစ်ခုလုံး
ChanBaek ဆိုပြီးအော်သံ
တွေပြည့်နှက်သွားတယ်။

YouTuber & 🐶Where stories live. Discover now