Part 1

9.4K 712 6
                                    

(Unicode)

"တွေ့လား ! မျက်စိနောက်စရာတွေဗျာ
မလာချင်ပါဘူးဆိုနေမှ "

Youtuberတွေတွေ့ဆုံပွဲရှိတာမို့
Suho သူတစ်ယောက်တည်းသွားနေကြပါ။
ဒီနှစ်မှသူ့ကိုပွဲအတွေ့ကြုံလေးရအောင်ဆိုပြီး
ဂိမ်းဆော့နေတာကို အတင်းဆွဲခေါ်လာလို့ဆိုပြီးဆူပုတ်ဆောင့်အောက်နေတဲ့ တစ်ဦး
တည်းသော ညီ Byun Baekhyun ။

"ညီ့ကို ပွဲအတွေ့အကြုံလေးရအောင်လို့ပါ"

" မလိုချင်ပါဘူး !
အရူးအလုပ်တွေ အပိုတွေကို
လိုက်ခံစားပေးလို့ကိုမရတာ "

"ရောက်နေပြီပဲကွာ
ဒီတစ်ခါတည်းပဲညီရယ်နော်
အထဲဝင်ရောက်အောင် လိမ်မာပါတယ် "

"အကိုနော် ကြပ်ကြပ် သတိထား!!
ကိုယ့် အကိုမို့လို့ နားလည်ပေးထားတာ
မျက်စိနောက်လာရင် အကို့ကင်မရာတွေ အကုန်ဆွဲလွှင့်ပစ်မှာ ဘာမှတ်လဲ? "

"😮 "

သူပြောချင်တာပြောပြီးရှေ့ကနေ
တဆောင့်ဆောင့်နဲ့ထွက်သွားတဲ့
ကိုယ်တော်လေး..။
အမလေးကျိန်းသွားလိုက်တာများ
ကင်မရာတွေတော့ ချမ်းသာပေးပါ ကိုယ်တော်ရယ်၊ ငါကိုက အရစ်
ရှည်ပြီးခေါ်မိတာပါ။

Suhoတယောက် သက်ပြင်းလေးသာ
အသာချလိုက်ရတော့တယ်

Youtuberတော်တော်များများလည်း
ရောက်နေကြပြီ သတ်မှတ်ပေးထားတဲ့
ခုံမှာဝင်ထိုင်ရင်း ပွဲစမယ့်အချိန်ကိုစောင့်နေလိုက်တယ်။

Suhoလည်းYoutuberတစ်ယျောက်အဖြစ်
ရပ်တည်နေတဲ့အပြင်...ပရိတ်သတ်တွေလည်းတော်တော်များများကိုရရှိထားတဲ့သူပါ..။

YouTube မှာ နာမည်ကြီးတစ်ယောက်
ဖြစ်လာဖို့​က လွယ်တဲ့အရာမဟုတ်ဘူးလေ။
Idolမဟုတ်ပဲနဲ့ နာမည်ကြီးဖို့ဆိုတာ
တော်ရုံနဲ့မရပါဘူး။

တစ်ချို့က မူရင်းသီချင်းတွေကို Cover Songဆိုရင်း YouTubeမှာနာမည်ကြီးတဲ့သူတွေရှိသလို။ကိုယ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ကောင်းမွန်တဲ့
တင်ဆက်မှုတွေ ဟာသတွေပါဝင်တဲ့ပုံစံတွေ
အမျိုးမျိုးတွေကြောင့်အောင်မြင်နေတဲ့သူတွေလည်းအများကြီးပါ..။

"Omo Park Chanyeol
ဒီတစ်ခါလာတယ်ပေါ့ "

ထိုင်ခုံမှာထိုင်နေရင်း Suhoပြောလိုက်တော့
ဘေးနားထိုင်နေတဲ့ Puppy ကိုယ်တော်က နှာခေါင်းရှုံ့တယ်။

YouTuber & 🐶Where stories live. Discover now