Extra 3 (Hickey)

3.7K 351 8
                                    

"Baby Baekhyuneee
ကိုကို့အသဲတုန်းလေး.... ''

အပြင်ကနေပြန်လာပြီဖြစ်တဲ့ Yeol....
အောက်မှာ သူ့ကိုမတွေ့လို့ထင်ပါရဲ့အော်ခေါ်နေတဲ့ ချစ်ချစ် Park ဆီ အပြေးလေးသွားရပြီဖြစ်တဲ့ Bobohuလေး

"လာပါပြီဗျာ ''

အူယားချင်စရာကောင်းအောင်
လှေကားပေါ်ကနေပြေးဆင်း
လာတဲ့ အူဂျူးလေး

တနေကုန်နီးပါးမတွေ့ရသေးတော့
အရမ်းလွမ်းနေတာရယ်

" Aigoo...ကိုကို့ကို ဖက်ပါဦး
အချစ်ကလေးရဲ့ ''

" ကြာလိုက်တာ Yeolရာ ''

ဆိုပြီး နှုတ်ခမ်းလေးထော်လျှက်
လာဖက်တဲ့ကလေးလေး.... ။
ကြာလို့ဆိုပြီး စိတ်ကောက်ချင်နေတဲ့
ကျွန်တော်ရဲ့ အပုတုန်းလေးကို
အတင်းဖက်ထားလိုက်တော့
ရင်ခွင်ထဲ မြုပ်နေလေရဲ့....

ဘယ်လောက်တောင် ချစ်ဖို့
ကောင်းလိုက်သလဲ...ကျွန်တော့်
အူဂျူးလေးက ?

" Yeol shii...အရက်တွေပါသောက်
လာတာဆိုတော့ သူငယ်ချင်းတွေနဲ့
တော်တော် ပျော်လာတယ်ပေါ့ "

အကျီပေါ် အနံ့စွဲလာတဲ့ အရက်နံ့
တွေကြောင့်နှုတ်ခေါင်းလေးရှုံ့လျက်ပြောလာသူ...

" နည်းနည်းပါ ကလေးရဲ့
ကိုယ်မသောက်ဘူးပြောတာ
အဲ့ဒါ အတင်းတိုက်လိုက်ကြတာနဲ့
ကိုယ်လည်း အားနာပြီး...''

" ဒါဖြင့်လည်း...ရေသွားချိုးတော့ Arjishi အမူးပြေအောင် ပျားရည်နဲ့သံပရာရည် ဖျော်ပေးထားမယ် "

ရေချိုးခန်းရှိရာဆီ တွန်းပို့သွားပြီး
ပါးကိုပါ ဖျက်ခနဲနမ်းသွားတာမို့
ကိုယ့်မှာ လည်ပြန် ကြည့်ပြီး
ပြုံးရသေးတယ် ...

ကိုယ့် ကလေးလေး ဒီနေ့
အရမ်းကိုချစ်ဖို့ကောင်းနေတာနော်...။

^.......^

" Gomarwoe ''

ရေချိုးခန်းထဲက ထွက်လာတော့
တဘက်လေးနဲ့သံပုရာရည်
ခွက်လေးကိုင်ကာ စောင့်နေတဲ့
ကျွန်တော့် အသဲ

အပုတုံးလေးဖျော်ပေးတဲ့ ပျားသံပုရာရည် လေးကိုသောက်ပြီး ၊ မခြောက်သေးတဲ့ ဆံပင်တွေကိုတယုတယ သုတ်ပေးတာကို ခံယူနေရတဲ့အမောင် Park တို့မျက်နှာကြီး ပြုံးဖြီးနေတာရယ်...။

YouTuber & 🐶Where stories live. Discover now