Part 2

6.3K 605 6
                                    

မနက်ဖြန်ဆို Youtuber အဖြစ်ရပ်တည်ခဲ့တာ3နှစ်ပြည့်ဖြစ်တာမို့ Videoတစ်ခု တင်ဖို့ ပြင်ဆင်နေတဲ့ Chanyeol။ Lightingတွေချိန် Camera ကို
နေရာကျအောင်ထားနဲ့ အလုပ်ရှုပ်နေ​လေတယ်...။

Ph Ring : Biii Biiiii Biii

Ph လာလို့ contact Nameကိုကြည့်မိတော့အန်တီ Taemin ဆီကပါလား ?

" Nae... အန်တီ"

"Chanyeolသား ..မင်းညီအဲ့မှာလား?"

"မဟုတ်ဘူး အန်တီ"

"မင်းညီSehunနဲ့လည်း
ခက်တော့တာပဲ ဘယ်တွေသွား
နေမှန်းမသိဘူး သားရယ်..
ဖုန်းကလည်းစက်ပိတ်ထားတယ်တဲ့။
အခုထိပြန်မလာသေးလို့ဆိုပြီး
သူ့အဖေက ဒေါသူပုန်ထနေပြီ
ဒီကောင်လေးနဲ့လည်း စိတ်ညစ်ပါတယ်
သူသွားတက်တဲ့နေရာတွေ သားသိလား???"

"Nae...အန်တီ
ကျွန်တော်လိုက်ရှာပေးပါ့မယ် "

"သားရယ် ကျေးဇူးတင်ပါတယ်ကွယ် "

"ဟုတ် ရပါတယ်အန်တီ "

တဖက်မှဖုန်းချသွားပြီးတာနဲ့ Chanyeol
Sehunကိုရှာဖို့လုပ်ငန်းစရတော့တယ်။
Fanတွေမြင်သွားရင် အနေခက်မှာမို့
Maskအမည်းလေး နဲ့ နေကာမျက်မှန်
အမည်းလေးတပ်လိုက်တယ်...။
ရိုက်နေတဲ့Videoကိုလည်း
တဝက်တပျက် နဲ့တင်ပိတ်ထားခဲ့ရတယ်
ဟိုငနာလေးကိုရှာပုံတော်ဖွင့်ဖို့ ကားစက်နှိုး...သူရှိမယ်ထင်တဲ့နေရာတွေလိုက်ရှာ..။နောက်ဆုံးလဒက Fuse Clubမှာ သောင်းကျန်းနေတယ်တဲ့။

ဒင်းဟာလေ မိဘတွေစိတ်ပူနေမှန်းမသိ
ကနေတာများကောက်ကွေးနေတာပဲ
$မြင့်ကတ်ကတ်နဲ့ သူကနေတဲ့ပုံကို Phက
Videoနဲ့ ရိုက်ထားလိုက်တယ်
ဆေးထိုးပစ်မယ် အခု3years anniအတွက် သူ့ကိုပါဆေးအကြီးကြီး
ချိတ်လိုက်မယ် ။အဲ့ဒါမှအောက်ကvideoမှာCommentတွေ
ဘယ်လိုလာမလဲ ? Hak ကောင်းတယ် 😈

*__*

"မင်းဘက်က okဆိုရင် ငါ့ဘက်က
Readyပဲ ဒီတစ်ခါအပြင်းစားနော်
ရူးသွားစေရမယ်"

"ကောင်းပြီလေ...ဘယ်လောက်ထိခေါ်မှာလဲ "

"သိန်း ငါးဆယ် "

"ဖီ.... ဟ! မင်းဟာကများလွန်းတယ် "

"မကြိုက်ရင်မယူနဲ့လေ နောက်တစ်ယောက်
ပြောင်းချိတ်လိုက်ရုံပဲ "

YouTuber & 🐶Where stories live. Discover now