Extra 2 (With Toben)

2.9K 298 12
                                    

" Toben ...ဖေ့သားငယ်လေးရေ ''

* ဝုတ်..ဝုတ် *

ခေါ်သံကြားတော့ အတင်းပြေးလာပြီး
ကိုယ်ပေါ် ခုန်တက်လာတဲ့ Toben

အိမ်ထောင်သက် တစ်နှစ်ပြည့် anniversaryမှာ Baekhyunကို Toben အမည်နဲ့ခွေးလေးကို လက်ဆောင်အဖြစ် Chanyeolက ဝယ်ပေး
ထားခြင်းပင်။

" Aigoo...ချစ်လိုက်တာ
ဖေ့သား အလိမ်မာတုံး..မဲတုန်းလေး
ဘယ်တုန်းကနိုးနေတာလဲ?
ဗိုက်ဆာနေပြီလားသားက.....''

အသဲတွေယားလွန်းလို့ဖျစ်ညစ်ပြီး
နမ်းရှုံ ့ပလိုက်တော့ လျှာတွေနဲ့လာယက်လေရဲ့

" သားငယ်က ဖေ့ဖေ့ကိုချစ်တယ်လား
ဟုတ်လား..Omo...Appaကလည်း
သားငယ်ကိုအရမ်းချစ်တယ်နော် ..ဟုတ်ပြီလား''

*ဝုတ်ဝုတ်*

စကားကိုနားလည်လို့ ပြန်အော်နေတဲ့
ပုံစံလေးကြောင့် သူခေါင်းလေးကိုဆွဲဖွလိုက်ရင်း

" ဖေဖေတို့...သားသားရဲ့ Daddy
အိပ်ပုတ်ကိုသွားနှိုးကြမယ်နော် ''

*ဝုတ် ဝုတ် *

အိပ်ယာထက်နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့
နတ်သားလေး(သို့မဟုတ်) ချစ်ရတဲ့အကြင်သူခင်ပွန်းအား အိပ်ယာမှ နှိုးရန် သားငယ်Tobenလေးချီပြီး အိပ်ခန်းထဲဝင်လာပြီဖြစ်တဲ့Baek..

" Toben...
ဖေဖေ့ကိုသွားနိုးသွား''

အောက်ကိုချပေးလိုက်တော့...ကုတင်ပေါ်ခုန်တက်ပြီး Chanyeol ကိုသွားပြီးနှိုးနေတဲ့ Toben

Yeolရဲ ့မျက်နှာတစ်ခုလုံးကို တစ်ရှုံရှုံလုပ်နေပြီး သူ့ခန္ဓာကိုယ်နဲ့ တိုးဝှေ ့ပွတ်သပ်နေလေရဲ့

" ဖေဖေကြီး ထတော့လေ
ကလေးက လာနှိုးနေတာကို ''

ကလေးလာနှိုးနေတာကိုတောင်
မနိုးသေးတဲ့ ချစ်ရသူရဲ့ ဆံပင်ကိုသပ်တင်ပေးနေရင်း...

" သားငယ်ရဲ့ ဖေဖေက သားအတိုင်းပဲတွေ့လားဆံပင်အကောက်နဲ့၊စုတ်ဖွားလေးနဲ့ ခိခိ😊ဒုတိယ Tobenလေး ''

Park Chanyeolကြီး သဝန်တိုစရာရှားလို့
ခွေးနဲ့ပါလိုက်တိုတယ်လေ... Tobenရဲ့
ကောက်ကွေးနေတဲ့ဆံပင်စုတ်ဖွားလေးကိုချစ်တယ်ပြောမိတာကို ၊ သူ့ထပ်ပိုမချစ်ရဘူး ဘာညာနဲ့ဆံပင်ကို တစ်ပုံစံတည်းတူအောင် သွားလုပ်တယ်တဲ့လေ 😄

YouTuber & 🐶Where stories live. Discover now