ခြေလှမ်းတစ်ခု၏ အစ

1.6K 41 4
                                    

ဒီနေ့ ကျွန်မ Beijing ကို ရောက်တာ နှစ်လပြည့်တဲ့နေ့

ကျွန်မက တရုတ်နိုင်ငံသားမဟုတ်ပါဘူး..

ဒါပေမဲ့ တရုတ်သွေးတော့ နည်းနည်းစပ်တယ်ပေါ့လေ....

ကျွန်မအလုပ်က System Engineer ......... လက်ရှိလုပ်နေတဲ့ company ကနေ Exchange Program တစ်ခုအရ ကျွန်မက တရုတ်က Company မှာ သုံးနှစ်တာ အလုပ်လာလုပ်ပေးခြင်းပါ။

တခြားသူတွေကတော့ တရုတ်ကို လာဖို့ ငြင်းဆန်ခဲ့ကြပေမယ့် ကျွန်မအနေဲ့ကတော့ ကျွန်မချစ်တဲ့သူ့ကို တစ်နေ့နေ့မှာ တွေ့မြင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်လာခဲ့သည်.....

အလုပ်ကနေဖို့ ပေးတဲ့နေရာ နဲ့ အလုပ်လုပ်ရတဲ့နေရာက ရထားစီးသွားရင် ၃ ဘူတာ၊ စက်ဘီးနဲ့သွားရင်တော့ နာရီဝက်လောက် အကွာအဝေးမှာ ရှိသည်။

ကျွန်မ ရောက်ရောက်ချင်းတော့ အခက်အခဲလေးတွေ ရှိပေမဲ့ အခုကျတော့လည်း အဆင်ပြေသွားခဲ့သည်။

ဒီနေ့....

မိုးတွေရွာနေတယ်.........

ကျွန်မလဲ မိုးရေထဲမှာ စက်ဘီးမစီးချင်တာနဲ့ပဲ ရထားစီးပြီး အလုပ်သွားခဲ့တယ်...... အပြန်ကျတော့ ညနေ ၆ နာရီခန့် ဘူတာရုံထဲမှာ လူတွေများချက် ကျွန်မ လူတွေတိုးပြီး မစီးချင်တာနဲ့ပဲ ထိုင်ခုံလေးမှာ ထိုင်စောင့်နေလိုက်တယ်...........

လူတွေကများ ဗိုက်ကလဲဆာ.......... ဒါပေမဲ့ ကျွန်မကမှ လူတိုးတဲ့ဒဏ်မှ မခံနိုင်တာလေ

၈ နာရီလောက်ကျတော့ လူလဲအနည်းငယ်ရှင်းသွားပြီ.........

ကျွန်မလဲ ရထားပေါ်တက်လိုက်တယ်.......

လူရှင်းပြီဖြစ်လို့ ထိုင်ခုံတွေအားနေပေမဲ့လည်း ၃ ဘူတာစာလောက်သာ စီးရမည့်အတွက် ထိုင်ခုံတွင် မထိုင်တော့ဘဲ. မတ်တပ်ရပ်ပြီးပဲ လိုက်လာခဲ့သည်......

ရုတ်တရက် ကျွန်မဘေးနားတွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။

မသိမသာ လှည့်ကြည့်မိတော့ ထိုသူသည် Mask အုပ်ထားသည်. ....

အင်းး..... အရပ်ကလည်း အမြင့်ကြီး ...

အရပ် ၅ ပေ ၂ လောက်သာ ရှိသော ကျွန်မသည် သူ့ဘေးနားတွင် ကလေးတစ်ယောက်လို ဖြစ်နေသည်..

My Beloved One (Kris - Fan Fiction)Where stories live. Discover now