အတူရှိနေခွင့်

417 16 0
                                    

အတော်အသင့်တည်ငြိမ်နေပြီထင်တဲ့နှလုံးသားဟာ အထင်မှားနေမှန်း ကိုယ့်ဘာသာသိလိုက်မိတယ်

သူ့ကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ....

ငြိမ်သက်နေတဲ့ ရင်ခုန်သံတွေဟာ ပြန်လည်အသက်ဝင်လာခဲ့တယ်....

သူ.....

ကျွန်မ ချစ်မြတ်နိုးရတဲ့သူဟာ....

ကျွန်မရဲ့ မင်းသားလေးဟာ....

အရင်လို...ကြည့်ကောင်းနေတုန်း..

မဟုတ်ဘူး...

ပိုပြီးတော့တောင် ကြည့်ကောင်းနေသေးတယ်..

အနက်ရောင် Suit အပြည့်နဲ့သူ...

ဆံပင်ကို အပြောင်သိမ်းထားတဲ့ပုံစံနဲ့..သူဟာ..

ဘယ်လိုတောင် ကြည့်လို့ကောင်းနေမှန်း မသိခဲ့....

သူ့ရဲ့အကြည့်တွေဟာလဲ....

အရင်လိုပဲ စူးရှနေတုန်းပဲ.....

အရင်လို လင်းလက်တောက်ပနေတုန်းပဲ....

အရင်လို ရင်ခုန်အောင် ပြုစားနေနိုင်တုန်းပဲ....

အရင်လို အသက်ရှုမှားအောင် ပြုစားနိုင်တုန်းပဲ....

ကျွန်မ သူ့ကို ရှောင်တိမ်းဖို့ ကြိုးစားလိုက်ပေမဲ့...ကံမကောင်းစွာနဲ့ပဲ.....

မထင်မှတ်ထားတဲ့ သူ့ရဲ့အပြုအမူကြောင့်

ကျွန်မ အံသြခဲ့ရတယ်...

သူ...ကျွန်မကို မမုန်းဘူးလား...

သူ့အနားကနေ ဘာမှမပြောပဲ ထွက်သွားခဲ့တာလေ

သူ ကျွန်မကို အပြစ်မတင်ဘူးလား...

"Xiao Fong ပြောစမ်းပါဦး ငါ့ကို ဘာလို့ထားသွားတာလဲဆိုတာ''

ကျွန်မ ဘယ်လိုပြောရမလဲ ကျွန်မကြောင့်

သူနဲ့ ကျွန်မအကြောင်းတွေသာ media တွေ သိသွားကြည့်ပါလား

မိန်းကလေးအစစ်ဆိုရင်တောင် ပြောခံရမယ့်ကိစ္စကို ကျွန်မသာ Transgender တစ်ယောက်ဖြစ်နေမှန်း သိသွားကြည့်ပါလား...

သူအရမ်းအောင်မြင်နေတဲ့အချိန်မှာ...

သူ့ရဲ့နာမည်...သူ့ရဲ့အောင်မြင်မှုတွေ..

My Beloved One (Kris - Fan Fiction)Where stories live. Discover now