ပြန်ဆုံတွေ့ချိန်

411 13 0
                                    

ပျောက်သောသူ ရှာရင်တွေ့

သေသောသူ ကြာရင်မေ့ တဲ့

သေသွားတဲ့လူတစ်ယောက်ကို အချိန်ဘယ်လောက်ကြာရင် မေ့သွားနိုင်မလဲ

၁ နှစ် လား ၂ နှစ်လား ၁၀ နှစ်လား

အချိန်အတိုင်းအတာ တစ်ခုကြာရင်တော့ မေ့သွားမှာပေါ့နော်

ဒါပေမဲ့ ကျွန်တော် မမေ့ချင်ဘူး

အတူရှိခဲ့ရတဲ့အချိန်တွေ သိပ်မကြာခဲ့ပေမဲ့... ကျွန်တော့်နားမှာ အနီးကပ်ရှိခဲ့တဲ့ သူမ..

"Fan Fan Cola တွေ သိပ်မသောက်နဲ့နော်''

Cola သောက်ခါနီးတိုင်း သူမပြောတတ်တဲ့စကား
Cola အစား သဘာဝသစ်သီးဖျော်ရည် တစ်မျိုးမျိုးကို ဖျော်ပေးတတ်တဲ့ သူမ

"Fan Fan ထမင်းကို အချိန်မှန်မှန်စားနော်''
အလုပ်တွေများလို့ ထမင်းစားချိန်မမှန်တဲ့ ကျွန်တော့်ကို ပြောတတ်တဲ့ သတိပေးစကား
ကျွန်တော့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ချက်ပြုတ်ကျွေးတတ်တဲ့ သူမ

"Fan Fan ပြန်လာပြီလား''
ရိုက်ကွင်းကနေပဲဖြစ်ဖြစ် ခရီးကပြန်လာရင်ပဲ ဖြစ်ဖြစ် နွေးထွေးစွာ စောင့်ကြိုနေတတ်တဲ့သူမ

"Fan Fan ခရီးသွားရင် သတိထားနော်''
လေယာဉ်စီးခါနီးတိုင်း ပြောတတ်တဲ့စကား

"Morning Fan Fan''
သူမဆီမှာ အိပ်ဖြစ်တဲ့ နေ့တွေမှာ မနက်မိုးလင်းတိုင်း ကျွန်တော့်ရင်ခွင်ထဲကနေ နှုတ်ဆက်တတ်တဲ့ သူမ

"Fan Fan ညနေ စောစော ပြန်လာနော်''
Beijing မှာပဲ အလုပ်ရှိတဲ့ရက်တွေဆို သူမ မှာတတ်တဲ့စကားလေး

ကျွန်တော့်ဘေးနားမှာ....

ကျွန်တော့်အခန်းထဲမှာ

ကျွန်တော့်ရင်ထဲမှာ....

သူမရဲ့ ပုံရိပ်တွေက ပြည့်နှက်နေဆဲ

သူမပေးခဲ့တဲ့ လက်ဆောင်လေးတွေ..

.အရုပ်သေးသေးလေးတွေ

Bonsai အပင်ပုလေးတွေ...

နံရံပေါ်မှာ ကပ်ပေးထားတဲ့ သူမရဲ့လက်ရာ

ကျွန်တော့်ပုံတူ ခဲခြစ်ပန်းချီလေးတွေ

ပုံတစ်ပုံချင်းစီရဲ့အောက်မှာ

My Beloved One (Kris - Fan Fiction)Where stories live. Discover now