မွေး​နေ့

503 15 0
                                    

Fan Fan.....
Fan ​တွေရဲ့​အော်​သံ​ရော တခြားသူ​တွေရဲ့အသံ​တွေ​ရော စုံသွားတယ်​.
ကျွန်​မ ဘာလုပ်​လို့ ဘာကိုင်​ရမှန်းမသိပဲ ရပ်​ကြည့်​​နေမိတယ်
တခြားကစားသမား​တွေဝိုင်းကုန်​ကျ​တော့ ကျွန်​မ စိတ်​ပူစွာနဲ့ပဲ
သူအနားကို ​ရောက်​လာတယ်​ ကစားပွဲလဲ ခဏ နားလိုက်​တယ်​....
သူ့လက်​က နာ​နေပုံ... မျက်​နှာက​တော့ နာကျင်​မှုကို ဖုံးကွယ်​ပြီး ပြုံးပြ​နေပြန်​တယ်​...
ခဏကြာ​တော့ သူ့မန်​​နေဂျာ အစ်​ကို ​ရောက်​လာပြီး ​ခေါ်သွားတယ်​ ကျွန်​မကို အိမ်​မှာပဲ ​စောင့်​​နေဖို့​ပြောတာ​ကြောင့်​ အိမ်​ကိုပဲ ပြန်​ခဲ့လိုက်​တယ်​....

At Hospital,...
Doctor: ::
လက်​က အရိုးနည်းနည်းထိသွားတယ်​ တစ်​ပတ်​​လောက်​​တော့ ပတ်​တီးစီးရမယ်​ ဒီကြားထဲ လက်​ကို အနား​ပေးထား​ပေါ့..
Kris:: ​ကျေးဇူးပါ ​ဒေါက်​တာ
ကျွန်​​တော်​လဲ ဆရာဝန်​နဲ့စကား​ပြောပြီးတာနဲ့ အိမ်​ကိုပဲ တန်းပြန်​လာခဲ့လိုက်​တယ်​ သူမ စိတ်​ပူ​နေမည်​​လေ
ထင်​သည့်​အတိုင်း ကျွန်​​တော်​ သူ့အခန်းကို အရင်​သွားလိုက်​​တော့ စိတ်​ပူစွာနဲ့ သူ့ကို​စောင့်​​နေ​သော သူမ....
ကျွန်​​တော့ကိုမြင်​တာနဲ့ အနား​ရောက်​လာကာ
"Fan Fan နင့်​လက်​ ဘယ်​လို​နေ​သေးလဲ သက်​သာရဲ့လား ပတ်​တီးက ဘယ်​​လောက်​ထိ စီးထားရမှာလဲ ရိုက်​ကူး​ရေး​တွေ​ရော ဘယ်​လိုလုပ်​မလဲ??????''
"​နေပါဦးဟာ ​ဖြေး​ဖြေး​ပေါ့ ငါထိုင်​ပါရ​စေဦး''
"အာ ဟုတ်​သားပဲ....လာလာ ​ဖြေး​ဖြေး ထိုင်​''
"ပတ်​တီးက တစ်​ပတ်​​လောက်​စည်းရမယ်​လို့​ပြောတယ်​ ရိုက်​ကူး​ရေး​တွေက​တော့ ခဏနားရမှာ​ပေါ့ဟာ ငါလဲ အနားရတာ​ပေါ့ ဟဲဟဲ 😁😁''
ကျွန်​​တော့်​အ​ပြော​ကြောင့်​ သူမ မျက်​​စောင်းထိုး​လေသည်​.. သူမနဲ့ သိတာကြာခဲ့​ပေမဲ့ ဒီလိုမိန်းမဆန်​တဲ့အပြူအမူ တစ်​ခါမှ မ​တွေ့ခဲ့ရဖူး...
"ထားပါ​တော့ အခု ​ဆေး​သောက်​ဖို့​ရော ဘာ​တွေမှာလိုက်​လဲ ''
"အဲ့မှာ ​ဆေးထုပ်​ ​ဆေး​သောက်​ရမဲ့အချိန်​​တွေ ​ရေး​ပေးထားတယ်​တဲ့''
ဆေးရုံက​ပေးလိုက်​တဲ့ ​ဆေးထုပ်​ကို သူမကို​ပေးလိုက်​​တော့ သူမက စာ​တွေဖတ်​ကြည့်​တယ်​..
"အင်း...ဒါက အကိုက်​အခဲ​ပျောက်​​ဆေး ထမင်းစားပြီးတိုင်း ​သောက်​ပါတဲ့ ​၃ ခါ ​သောက်​ရမယ်​နောက်​တစ်​ခုက အရိုး​ဆေး ညအိပ်​ခါနီး​သောက်​ပါတဲ့
ဒါက​တော့ လိမ်း​ဆေး... တစ်​ရက်​တစ်​ခါ ပတ်​တီးလဲစည်း​ပေးပါတဲ့'''
"နင်​က သိလှချည်​လား''
"ငါ အ​ခြေခံ သူနာပြု သင်​တန်းတက်​ထားတယ်​''
"Woww''
ကျွန်​​တော်​ ချစ်​​သောသူမတွင်​ မထင်​မှတ်​ထားတဲ့ အရည်​အချင်း​တွေ အများကြီး ရှိ​နေ​လေသည်
"ကဲ နင်​ ဒီမှာ ခဏထိုင်​ ငါ နင့်​အတွက်​ တစ်​ခုခု သွားပြင်​လိုက်​မယ်​''
"အာ... အခုမှ အ​စောကြီးရှိ​သေးတာကို ညစာစားဖို့ လိုပါ​သေးတယ်​''
"အင်း​လေ.. ဒါ​ပေမဲ့ နင်​​ဆေး​သောက်​ရမယ်​​လေ ဒါနဲ့ နင်​ဘာစားချင်​လဲ''
"ဖက်​ထုပ်​ 😁😁😁''
သူမ မလုပ်​တတ်​​လောက်​ဘူးထင်​တာ​ကြောင့်​ တမင်​​ပြောလိုက်​ခြင်းဖြစ်​သည်
"နင်​မလုပ်​တတ်​လဲ ထမင်းပဲ..စား...''
"အာ.. ငါလုပ်​တတ်​ပါတယ်​ဟ'' 😎😎😎
"ဟင်​.. ဟုတ်​လား...မလွယ်​ဘူး​နော်​ လုပ်​ရတာ''
"​အေးပါ နင်​မယုံရင်​လဲ မီးဖိုခန်းထဲထိ လိုက်​ကြည့်​''
ပြောရင်းနဲ့ သူမ မီးဖိုခန်းဘက်​ကိုသွား​တော့ ကျွန်​​တော်​လဲ လိုက်​သွားလိုက်​တယ်
သူမ ဇလုံတစ်​ခုထဲကို ဂျုံမှုန့်​ထည့်​ ​ရေ​နွေးထည့်​ အချိန်​အဆမှန်​လား မမှန်​လား​တောင်​ ​သေချာမကြည့်​ပဲ လုပ်​​နေသည်​... စား​ကောင်း​တော့မှာပဲ 😒😒😒
သူမက​တော့ ​သေချာကို အာရုံစိုက်​ပြီး လုပ်​​နေသည်​..ခဏကြာတဲ့အချိန်​မှာ​တော့ ဇလုံထဲမှ ဂျုံမှုန့်​များ ​ကောင်းစွာ သမသွားပြီး သူမ ပိတ်​စပါးတစ်​ခုနဲ့ အုပ်​လိုက်​​လေသည်​..
အဲ့​နောက်​​တော့ သူမ အစာအတွက်​ပြင်​​လေသည်​.
ကြက်​သွန်​မြိတ်​. မုန်​လာဥနီ ကြက်​သွန်​နီ ကြက်​သွန်​ဖြူ. ဝက်​သား..မဆလာ.. ငရုပ်​​ကောင်း.​နောက်​ ကျွန်​​တော်​မသိတဲ့ အဖြူမှုန့်​​တွေ..
"အဲ့တာက ဘာအမှုန့်​​တွေလဲ''
"​အော်​ ဒါလား''
သူမထည့်​​နေတဲ့ဇွန်းကိုပြ​တော့ သူ ​ခေါင်းညိတ်​လိုက်​တယ်​..
"ဒါက အာလူးမှုန့်​​လေ''
"ဘာအတွက်​ထည့်​တာလဲ''
"အင်း.. အသားအတွက်​ အရသာ​ရော ပြီး​တော့ စားလို့ရှိရင်​ ​စေး​စေးပိုင်​ပိုင်​​လေးနဲ့ စားလို့​ကောင်းတယ်​ဟ ဒါက ငါ့ရဲ့ ကိုယ်​ပိုင်​နည်းလမ်း​လေ 😃😃''
ကျွန်​​တော်​လဲ ဘာမှ မ​ပြော​တော့ပဲ ဆက်​ကြည့်​​နေလို​က်​တယ်
သူမက​တော့ ကျွမ်းကျင်​စားဖိုမှူးတစ်​​ယောက်​လို ချက်​ပြုတ်​​နေ​လေသည်​..
ဖက်​ထုပ်​အစာကို ချက်​ပြီးချိန်​မှာတင်​ အနံ့အရ အ​တော်​ပင်​စား​ကောင်းမည့်​ပုံစံ​ပေါက်​​နေသည်​..
ဖက်​ထုပ်​အရွက်​အတွက်​ သူမ ဂျုံလုံးကို ပြန်​နယ်​​နေသည်​...
"နင်​ ဒါ​တွေလဲ လုပ်​တတ်​တာပဲ​နော်​''
သူမဆီမှ အပြုံးတစ်​ခုကို မြင်​လိုက်​ရသည်
"ငါ တရုတ်​စာသင်​တဲ့ ဘုရား​ကျောင်းမှာ သင်​ထားတာ ငါ မုန့်​​တွေ ​တော်​​တော်​များများလဲ လုပ်​တတ်​တယ်​ဟ''
"Aww''
သူမကို ထပ်​ပြီး အထင်​ကြီးသွားရပြန်​သည်​..အလုပ်​ဆိုလဲ ​ယောက်ျား​လေး​တွေနဲ့တန်းတူ အိမ်​မှုကိစ္စလဲ ကျွမ်းကျင်​ တခြားသူ​တွေကိုလဲ ဂရုစိုက်​တတ်​...
သူမ အလုပ်​လုပ်​​နေတာကိုပဲ ထိုင်​ကြည့်​​နေမိ​တော့တယ်​..
နာရီဝက်​​လောက်​ ကြာတဲ့​နောက်​မှာ​တော့ သူ့မျက်​စိ​ရှေ့ကို ​ရောက်​လာတာက ဖက်​ထုပ်​ပြုတ်​တစ်​ပွဲ ဖက်​ထုပ်​​ပေါင်းတစ်​ပွဲ..ဆီ​ကျော်​စာ​တွေ သိပ်​စား​လေ့မရှိတာ​ကြောင့်​ သူမက ​ပေါင်းထား​ပေးတာဖြစ်​သည်
အမြင်​နဲ့တင်​ စားချင်​စရာ....
အမြင်​​ရော အရာသာ​ရော ​ကောင်းလွန်းတဲ့ ဖက်​ထုပ်​...
"အရမ်းစား​ကောင်းတာပဲ''
"​ရော့... ​ဆေး​သောက်​''
စားပြီးတာနဲ့ ​ဆေးနဲ့ ​ရေခွက်​က အဆင်​သင့်​ ​စောင့်​​နေသည်​...
ဆေး​သောက်​ပြီး ဧည့်​ခန်းထိုင်​ခုံမှာ ထိုင်​မိ​တော့ ထပ်​​ရောက်​လာတာက လိ​မ္မော်​ရည်​​ဖျော်​ရည်​ခွက်​နဲ့ ပန်းသစ်​​တော်​သီးပန်းကန်
Cola သိပ်​ကြိုက်​လို့ ​နေ့တိုင်းနီးပါး​သောက်​တတ်​​ပေမဲ့ သူမဆီမှာဆိုရင်​​တော့ သဘာဝ သစ်​သီး​ဖျော်​ရည်​ကိုသာရသည်​...
ကျွန်​​တော်​ စဉ်းစားမိတယ်​...
သူမနဲ့သာဆိုရင်​... တခြားအရာ​တွေ မလိုအပ်​​လောက်​ပင်​ သူမသည်​ ပြည့်​စုံ​နေသည်​..
တစ်​ခါတစ်​ရံတွင်​ သူမသည်​ အစ်​မတစ်​​ယောက်​လို
တစ်​ခါတစ်​​လေမှာ သူမသည်​ သူငယ်​ချင်းတစ်​​ယောက်​လို
တစ်​ခါတစ်​ခါ​တော့ ကျွမ်းကျင်​ စားဖိုမှူးတစ်​​ယောက်
အခုလဲ သူနာပြုတစ်​​ယောက်​လို...
TV ကြည့်​​နေရင်းနဲ့ သူမကိုကြည့်​မိ​တော့ အလုပ်​လုပ်​​နေသည်​..
မလှမ်းမကမ်းက စားပွဲခုံ​ပေါ်မှာ သူမ Laptop တစ်​လုံးနဲ့......
TV ကြည့်​​နေရာမှ သူမကို ကြည့်​မိ​နေသည်​..
သူမ၏ မျက်​ခုံး​မွှေးတန်း​လေးက မသိမသာ မျက်​​မှောင်​ကြုံ​နေလျက်​..
လက်​​ချောင်​များက​တော့ မနားတမ်းလှုပ်​ရှား​နေသည်​.
နှုတ်​ခမ်းပါး​လေးကို တင်းတင်း​စေ့ထား​တော့ ပါးတစ်​ဖက်​မှာ ပါးချိုင့်​​လေးက မသိမသာ​ပေါ်​နေသည်​..
ကြည့်​​နေရင်းနဲ့ပင်​ သူမ ​လေပူတစ်​ချက်​မှုတ်​ထုတ်​လိုက်​သည်​..
ခေါင်း​လေး ဟိုလှည့်​ဒီလှည့်​နဲ့ စဉ်းစား​နေသလိုလို.
သူ ဒီအတိုင်းကြည့်​မ​နေနိုင်​​တော့...
သူမ စားပွဲခုံနားကို ​ရောက်​သွားလိုက်​သည်​..
သူမ ​မော့ကြည့်​​တော့ ပြုံးပြလိုက်​သည်​...
"ပျင်း​နေပြီလား..ငါ အလုပ်​​လေး​တွေရှိလို့''
"ရပါတယ်​ဟာ...ဒါနဲ့ နင်​က ဘာလို့ အလုပ်​​တွေ အဲ့​လောက်​လုပ်​​နေတာလဲ''
"အင်း...... ဘယ်​လို​ပြောရမလဲဆို​တော့..နင်​အခု လက်​နာ​နေတာဆို​တော့... နင့်​အလုပ်​​တွေလဲ နားထားမယ်​မှတ်​လား''
"အင်း​လေ''
"ငါလဲ ခွင့်​ယူမလို့​လေ အဲ့ဒါ​ကြောင့်​ အလုပ်​​တွေ ကြိုလုပ်​ထားတာ''
"Why?''
"နင်​တစ်​​ယောက်​တည်းဖြစ်​​နေမှာစိုးလို့​လေ''
သူမ အ​ဖြေစကား​ကြောင့်​ ကျွန်​​တော်​ ဘာပြန်​​ပြောရမှန်းမသိဖြစ်​သွားသည်​..
ကျွန်​​တော့်​စိတ်​ကိုများ ဖတ်​​နေတာလား..
မဟုတ်​ရင်​​တောင်​ သူမအလုပ်​သွား​နေချိန်​ တစ်​​ယောက်​တည်းဖြစ်​​နေမှာ မလိုချင်​..
သူမသည်​ တကယ်​ကိုပဲ ကျွန်​​တော့အတွက်
စဉ်းစား​ပေး​လေသည်​...
ကျွန်​​တော့်​ရဲ့ July သီချင်းထဲကလို သူမ အလုပ်​သွားချိန်​ကို တကယ်​ပဲ မုန်းပါသည်​...
နှစ်​​ယောက်​လုံးအလုပ်​ရှိလို့ သွားရတာက​တော့ ထားပါ​တော့​လေ...
"Really?''
"Of course ''
"​ကျေးဇူးပါဟာ..''
သူမ ပခုံး​လေးကို အသာညှစ်​လိုက်​မိတယ်​....
"အာ့ဆို အခု ငါ့အခန်းပြန်​လိုက်​​တော့မယ်​''
"အင်း.... ​ကောင်း​ကောင်းနားလိုက်​​နော်​''
......
သူနှုတ်​ဆက်​ပြီးပြန်​သွား​တော့.... ကျွန်​မ ငိုင်​ပြီး ကျန်​ခဲ့တယ်​...တကယ်​လို့ တစ်​​နေ့​နေ့မှာ သူ့အနား ကျွန်​မ မ​နေ​ပေးနိုင်​​တော့ရင်​...
နေခွင့်​မရှိ​တော့ရင်​...
ကျွန်​မ ဘယ်​လို အသက်​ဆက်​ရှင်​မလဲ...
သူ​ရော... ကျွန်​မအ​ကြောင်း​တွေသိသွားခဲ့ရင်​...
အခုလိုပဲ... သူဆက်​ပြီး ခင်​​နေဦးမှာလား..
ကျွန်​မကို သူငယ်​ချင်းလို ဆက်​ဆံ​ပေးဦးမှာလား..
ရွံသွားမလား... စက်​ဆုပ်​သွားမလား... အထင်​​သေးသွားမလား..
အခု​လော​လောဆယ်​​တော့ သူ့အနားမှာ ​နေခွင့်​ရှိတုန်း​လေး ​နေခွင့်​ရတုန်း​လေး ​နေချင်​မိပါ​သေးသည်​....
Ring Tone ''You're so bad girl.....🎶🎶🎶''
သူ့အတွက်​ သီးသန့်​ထားထားတဲ့ Ring Tone ​လေးမြည်​လာသဖြင့်​...
"Fan Fan ဘာဖြစ်​လို့လဲ လက်​နာလို့လား''
"နင်​ ငါ့အခန်းဘက်​ ခဏလာ​ပေးပါလား''
"Ok''
သူ့အခန်းဘက်​​ရောက်​​တော့ ကြည့်​လိုက်​​တော့ အင်္ကျီတစ်​ထည်​နဲ့ ဘာလုပ်​ရမလဲ ဖြစ်​​နေတဲ့သူ..
"Fan Fan ဘာဖြစ်​လို့လဲ''
"ငါ အင်္ကျီလဲမလို့ဟာ. လက်​က ပတ်​တီး​ကြောင့်​''
"Awwwww.ငါလဲ ​ပေးရမလား''
သူ​ခေါင်းညိတ်​ပြ​တော့ ကျွန်​မ သူ့အနား​ရောက်​သွားတယ်​...
ခုန်​​နေတဲ့ရင်​ကို အသာထိန်းပြီး သူ့အင်္ကျီကို ချွတ်​​ပေးမလို့လုပ်​​တော့..သူ့အရပ်​​ကြောင့်​ လူက မမှီ
"Ki ki''
"အာ မရယ်​နဲ့ နင်​ကိုက အရပ်​က မြင့်​လွန်း​နေတာ''
"ငါ့ထက်​အရပ်​မြင့်​တဲ့သူ​တွေ အများကြီးပါဟာ''
"သိတယ်​ လျှာမရှည်​နဲ့ 😒😒😒.. အဲ့ထိုင်​ခုံမှာထိုင်​လိုက်​''
ထိုင်​ခုံမှာ ထိုင်​ချလိုက်​​တော့မှ ကျွန်​မအရပ်​နဲ့ အ​တော်​​လောက်​ဖြစ်​သွားသည်​..
သူ့အင်္ကျီကို ချွတ်​​ပေးလိုက်​ပြီး​တော့ သူ​ရွေးထားတဲ့ အင်္ကျီကို ပြန်​ဝတ်​​ပေးလိုက်​သည်​..
"အဲ ​ဘောင်းဘီပါလဲ​ပေးရမှာလား 😆😆''
"အာ.... ​နေပါ ရတယ်​ ငါ့ဘာသာလဲမယ်​''
"ပြီး​ရော... ဒါဆို ငါပြန်​​တော့မယ်​...အိပ်​​တော့''
သူမ ပြန်​သွား​တော့ ကျွန်​​တော်​ ထိုင်​ခုံမှာပဲ ထိုင်​ကာ ကျန်​​နေခဲ့သည်​...
ခုနတုန်းက ကျွန်​​တော်​ သူမကို ဖက်​ထားမိချင်​တာကို မနည်းစိတ်​ထိန်းလိုက်​ရသည်​..
သူမအ​ပေါ်ကို အခွင့်​အ​ရေးယူလိုက်​သလို ဖြစ်​သွားမှာ မလိုချင်​..
သူမအ​နေနဲ့ ငြင်းဆန်​မှာမဟုတ်​​ပေမဲ့..
ဘာရယ်​​ကြောင့်​မှန်းမသိ...
သူမအ​ပေါ်ထားမိတဲ့အချစ်​​တွေကို အထင်​​သေးမသွား​စေလို..
ကျွန်​​တော်​ သူမကို ချစ်​မိသွား​တာကို သူမ​ရော သိပါ့မလား...........
..........Time Skip.......
ဘာလိုလိုနဲ့ ကျွန်​​တော့်​​မွေး​နေ့ကို ​ရောက်​​တော့မယ်
အလုပ်​​တွေလုပ်​လိုက်​ ..အားတဲ့ရက်​​တွေ
အိမ်​မှာပဲနားလိုက်​..
သီချင်း​ရေးလိုက်​...
စာဖတ်​လိုက်​နဲ့.. အချိန်​​တွေ ကုန်​မှန်းမသိ ကုန်​လာခဲ့သည်​...
သူမနဲ့ကျွန်​​တော်​ရဲ့ဆက်​ဆံ​ရေးက​တော့
သူငယ်​ချင်းမက ရည်းစားလဲမကျ
အလုပ်​​တွေ ဆက်​တိုက်​များ​နေတာ​ကြောင့်​ သူမကို ဖွင့်​​ပြောရန်​ အချိန်​အခါမသင့်​ခဲ့...
သူမက​ရော...
ကျွန်​​တော့်​အ​ပေါ်ကို ချစ်​​နေမှန်းသိ​နေ​ပေမဲ့..
ဟန်​​ဆောင်​​ကောင်းသူ တစ်​​ယောက်​.....
သူမရဲ့ ဂရုစိုက်​မှု​တွေဟာ
သူငယ်​ချင်းတစ်​​ယောက်​ထက်​ ပို​နေတယ်​ဆိုတာ သူ​ရော ကျွန်​​တော်​ပါသိ​နေ​ပေမဲ့
မသိမသာ လစ်​လျှူရှုထားမိသည်​......
ဟူး..........
မသိမသာ သက်​ပြင်းချမိသည်​....
မွေး​နေ့...
တခြားနှစ်​​တွေ​တော့ Fan ​တွေနဲ့အတူ
ဖြတ်​သန်းခဲ့​ပေမဲ့..
ဒီနှစ်​​တော့ သူမနဲ့အတူ ဖြတ်​သန်းချင်​မိသည်​.....
သူမဆီက ဘယ်​လို လက်​​ဆောင်​မျိုး ရမှာပါလိမ့်​..
သူမသည်​ မထင်​မှတ်​ထားတဲ့ surprise များ လုပ်​တတ်​​လေသည်​..
ကျွန်​​တော့်​လက်​ဒဏ်​ရာ​ကြောင့်​ အိမ်​မှာ
နား​နေတုန်းကဆိုလျှင်​ အပြင်​က ပြန်​လာတိုင်း လက်​​ဆောင်​ တစ်​ခုစီ ယူလာ​ပေး​လေသည်​.
ပထမ တစ်​ရက်​က လင်းပိုင်​ အရုပ်​​လေး

My Beloved One (Kris - Fan Fiction)Where stories live. Discover now