ခွဲခွာချိန်

445 13 0
                                    

ဒီ​နေ့......
ကျွန်​မအတွက်​ ဘယ်​​တော့မှ မ​မေ့နိုင်​​တော့မဲ့ ​နေ့တစ်​​နေ့
သူ့​ကြောင့်​ ကျွန်​မရင်​ခုန်​ခဲ့ရသလို ကျွန်​မ စိတ်​​မောခဲ့ရတယ်
သူ... ကျွန်​မကို ချစ်​​နေပြီလား....
ဒါမှမဟုတ်​ ကျွန်​မရဲ့အချစ်​ကိုများ သနားသွားတာလား..
တကယ်​လို့ ကျွန်​မအ​ကြောင်း​တွေ သိသွားခဲ့ရင်​​ရော သူ့ဘက်​က ဘယ်​လိုတုန့်​ပြန်​မလဲ
သူ..... နားလည်​နိုင်​ပါ့မလား..
အမှန်​​တော့..ကျွန်​မ သူ့အချစ်​​တွေကို မ​မျှော်​လင့်​ပါဘူး
သူ့အနားမှာရှိ​နေခွင့်​ရရင်​ကို ​ကျေနပ်​မိတာပါ
တကယ်​လို့ သူ့အနားမှာ ​နေခွင့်​မရှိ​တော့ရင်​လဲ ကျွန်​မ​ကျေနပ်​ပါတယ်​..
ဘာလို့လဲဆို​တော့ သူ့အနားမှာ ​နေခဲ့ရတဲ့အချိန်​​ရရှိခဲ့တဲ့ ​ပျော်​ရွှင်​မှု​တွေဟာ သူမရှိပဲ ကျွန်​မတစ်​​ယောက်​တည်း တစ်​ဘဝစာ​ရှေ့ဆက်​ဖို့ လုံ​လောက်​​နေခဲ့လို့ပါပဲ
သူမုန်းသွားရင်​လဲ ကျွန်​မ​ကျေနပ်​ပါတယ်
သူရွံရှာသွားရင်​လဲ ကျွန်​မ ​ကျေနပ်​စွာခံယူနိုင်​တယ်
အရာရာအားလုံး သူ့စိတ်​တိုင်းကျဖြစ်​​စေရမှာပါ....
.........................................................
ကျွန်​​တော်​ သူမကို ချစ်​မိသွားပြီ..
ဒါ​ပေမဲ့ သူမက ဘာလို့များ မဖွင့်​​ပြော​စေချင်​ရတာလဲ
ကျွန်​​တော့်​ကို ချစ်​​နေတာ သိရဲ့သားနဲ့
ကျွန်​​တော့်​​မွေး​နေ့တုန်းက ရခဲ့တဲ့ လက်​​ဆောင်
သူမ ရင်​အုံ​ပေါ်က ကျွန်​​တော့်​နာမည်​နဲ့ Tattoo
ကျွန်​​တော်​ လုံးဝ မထင်​ထားခဲ့ဘူး
သူမ ဒီ​လောက်​အထိ ကျွန်​​တော့်​ကို ချစ်​လိမ့်​မယ်​ဆိုတာ...
အသားနာမှာ ​သေမတတ်​​ကြောက်​တဲ့သူမက ​သေရာပါ အမှတ်​အသားတစ်​ခုကို သူမကိုယ်​တိုင်​ လိုလားစွာနဲ့ မှတ်​​ကျောက်​တင်​ထား​လေသည်​...
သူမ​ပြောစကားကို ကြား​ယောင်​မိတယ်
''ငါ ​သေတဲ့အထိ နင်​က ငါနဲ့အတူရှိ​နေမှာ'' တဲ့
သူမအတွက်​ ကျွန်​​တော်​က ဘယ်​လိုအဓိပ္ပါယ်​သက်​​ရောက်​မှုရှိသလဲ...
ကျွန်​​တော့်​အတွက်​​ရော သူမက ဘယ်​​လောက်​အထိ အ​ရေးပါလဲ....
အချိန်​​တွေက အဆုံးအဖြတ်​​ပေးပါလိမ့်​မယ်
အခုအချိန်​မှာ ဘယ်​လိုပဲ​ပြော​ပြော အ​ဖြေစကားက ရင်​ထဲက ခံစားချက်​ကို ပီပြင်​​အောင်​ ဘယ်​လိုမှ ​ဖော်​ပြနိုင်​မယ်​မထင်​ပါ....
Shooting ပြီးလို့ အပြင်​ထွက်​လာခဲ့​တော့ ​မှောင်​​နေတဲ့​လောကကြီး.....
နောက်​ထပ်​​တွေ့လိုက်​ရတာက.. တဖွဲဖွဲကျ​နေတဲ့ နှင်း​တွေ........
ဝိုးးးး နှင်း​တွေကျ​နေပါလား....
သူမ.....
နှင်းကျတာကို မမြင်​ဖူးဘူးတဲ့....
ချစ်​သူနဲ့အတူ နှင်းကျတာကို ကြည့်​ချင်​တယ်​..လို့ ​ပြောဖူးသည်​.....
မန်​​နေဂျာအစ်​ကို ကား​မောင်း​နေတာဟာ ခါတိုင်း​တွေထက်​ ပို​နှေး​နေသ​ယောင်​...
"Ge မြန်​မြန်​​မောင်းပါဗျ'''
"Kris ကလဲ နှင်း​တွေဒီ​လောက်​ကျ​နေတာကို လမ်း​ချော်​​နေတာ​လေကွာ.....''
စိတ်​​လော​နေ​တော့ ပိုပြီးကြာ​နေသလိုလို...
အခန်း​နေရာ​ရောက်​တာနဲ့ Ge ကို​တောင်​ မနှုတ်​ဆက်​​တော့ပဲ အမြန်​ တက်​လာခဲ့လိုက်​မိသည်​...
သူမအခန်းကို ဝင်​လိုက်​​တော့ သူမ မရှိ​ပေ....
ကျွန်​​တော်​ ​ခေါင်​မိုးထပ်​​ပေါ်ကို တက်​လာလိုက်​တယ်​....
ထင်​တဲ့အတိုင်း... နှင်း​တွေကို ကြည့်​​နေတဲ့ သူမ....
လက်​နှစ်​ဖက်​လုံးကိုဆန့်​တန်းထားပြီး... ​ခေါင်း​မော့ထားတဲ့သူမ....
ကျွန်​​တော်​ သူမ​ဘေးနားသွားလိုက်​တယ်​..
"Xiao Fong''
"Fan Fan... ဘယ်​တုန်းက​ရောက်​လဲ... ဒီမှာ နှင်း​တွေကျ​နေပြီဟ.... အရမ်းလှတာပဲ''
"နင်​ ဦးထုပ်​လဲ မ​ဆောင်းထားဘူး အ​အေးမိ​တော့မှာပဲ.''
"ရပါတယ်​ဟ ခဏ​လေးပဲရှိ​သေးတယ်​''
သူမရဲ့ခဏ​လေးက ဘယ်​​လောက်​ကြာလဲ မသိ​ပေမဲ့ ဆံပင်​​ပေါ်မှာ နှင်း​တွေပုံ​နေပြီ
သူမ ဆံပင်​​ပေါ်က နှင်း​တွေကို လက်​နဲ့အသာဖယ်​​ပေးလိုက်​​တော့ သူမငြိမ်​​နေသည်​..
"Fan Fan ငါ​လေ နှင်းကျတာကို အခုမှ ပထမဆုံးမြင်​ဖူးတာဟ..အရမ်းလှတာပဲ​နော်​''
နှင်း​တွေကျတာ လှသလို နှင်းမှုန်​​တွေကြားက သူမလဲ သိပ်​လှတာပါပဲ.....
ကျွန်​​တော်​ သူမကို ဖက်​လိုက်​မိတယ်
၅​ပေ၂ ​ကျော်​​ကျော်​သာရှိတဲ့သူမ
ဒေါက်​ဖိနပ်​မစီးတတ်​တဲ့သူမ
သူမရဲ့ ခန္ဓာကိုယ်​​သေး​သေး​လေးဟာ.. ကျွန်​​တော့်​ရင်​ခွင်​ထဲမှာ မြုပ်​လို့..
အင်္ကျီလက်​ရှည်​အပါး​လေးသာဝတ်​ထားတဲ့ သူမကို ကျွန်​​တော့်​အ​နွေးထည်​နဲ့ အုပ်​ထားလိုက်​​တော့..
ကျွန်​​တော့်​ရင်​ခွင်​ထဲမှာ ​ပျောက်​​နေသည်​...
"Xiao Fong ahh......ငါ နင့်​ကို ချစ်​တယ်​''
ကျွန်​​တော့်​စကားသံကို သူမ ကြားလိုက်​ရပါ့မလား
လှုပ်​ရှားမှုမရှိ ငြိမ်​သက်​​နေတာ​ကြောင့်​...
သူမကို ရင်​ခွင်​ထဲက​နေထုတ်​ကြည့်​မိ​တော့...
မျက်​နှာက မ​ကောင်း မျက်​စိမျက်​နှာပျက်​ကာ
သူမရဲ့ မျက်​ဝန်းမှာ... မျက်​ရည်​များဝဲနေသည်​...
သူမ ဘာဖြစ်​သွားတာလဲ... 
ပျော်​သွားရမှာ မဟုတ်​ဘူးလား...
ဝမ်းသာသွားရမှာ မဟုတ်​ဘူးလား...
ကျွန်​​တော်​စိတ်​ပူသွားပြီး​တော့ သူမပခုံးကို ကိုင်​ကာ​မေးလိုက်​သည်​...
"Xiao Fong... ဘာဖြစ်​တာလဲဟင်​ ဘာဖြစ်​လို့လဲ''
သူမကို သိခဲ့ရတဲ့အ​တောအတွင်း တစ်​ခါမှ မျက်​နှာပျက်​တာ မျက်​ရည်​ဝဲတာ မမြင်​ဖူးဘူး...
"ငါ​ပြောလိုက်​တဲ့ စကား​ကြောင့်​လား... ငါ နင့်​ကို ချစ်​တယ်​ လို့်​ပြောလိုက်​တာ​ကြောင့်​လား''
သူမ ထံမှ ဘာစကာမှ မကြားရပဲ... 
ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်​သည်​...
သူမ ကျွန်​​တော့်​ကို မချစ်​ဘူးလား.....
"Fan Fan.... ငါ... နင့်​ကို ချစ်​တယ်​.....ဒါ​ပေမဲ့....''
"ဒါ​ပေမဲ့... ဘာဖြစ်​လဲ''
"နင်​ ငါ့ကို ချစ်​လို့မရဘူး....''
(သူမ​ပြောတာ ကျွန်​​တော်​ နားမလည်​ဘူး... ဘာလို့ ကျွန်​​တော်​က သူမကို ချစ်​လို့မရတာလဲ)
"ဘာဖြစ်​လို့လဲ.... ဘာဖြစ်​လို့ ငါက နင့်​ကို ချစ်​လို့မရတာလဲ''
"ငါက နင်​သိထားသ​လောက်​ ရိုးရှင်းတဲ့သူ မဟုတ်​ဘူးဟ''
(ထင်​သ​လောက်​ မရိုးရှင်းဘူး....ဒါက ဘာအဓိပ္ပါယ်​လဲ)
"ဘာကိုလဲ... ဘာကို မရိုးရှင်းတာလဲ....ဟမ်​... ​ပြောစမ်းပါ ငါ့ကို ​ပြောစမ်းပါ...''
သူမ ပခုံးကို လှုပ်​ကာ​မေးမိ​တော့....
သူမ မျက်​နှာတစ်​ဖက်​လွှဲကာ မျက်​​တောင်​ ပုတ်​ခပ်​ပုတ်​ခပ်​လုပ်​​လေသည်​...
"ငါ့ကို ကြည့်​စမ်းပါ...ဟမ်​... နင်​​ပြောတာ ဘာအဓိပ္ပါယ်​လဲ လို့...... နင့်​မှာ ရည်းစားလဲရှိတာ မဟုတ်​ဘူး​လေ...အိမ်​​ထောင်​လဲမရှိ....ဘာလဲ ကွာရှင်းထားတာလား??''
"မဟုတ်​ဘူး''
"အဲ့ဒါဆို က​လေးရှိတာလား''
"Bu shi''
"ဒါဆိုဘာလဲဟာ....ဘာဖြစ်​လို့လဲ.... ဘာလို့ ငါက နင့်​ကို ချစ်​လို့မရတာလဲ''
"Fan Fan...''
သူမ သက်​ပြင်းတစ်​ချက်​ချလိုက်​တယ်​....
ကျွန်​​တော်​ သူမ ဘာ​ပြောမလဲ နားစွင့်​​နေမိတယ်​...
"Fan Fan... အမှန်​​တော့ ဒီလို​နေ့မျိုးကို ငါမ​ရောက်​​စေချင်​ခဲ့ဘူး....
ငါ နင့်​အနားမှာ ဒီအတိုင်း​လေးပဲ ​နေချင်​ခဲ့တာ...
နင့်​ကိုကြည့်​​နေရရင်​ ငါ​ကျေနပ်​ပြီ..
နင့်​အနားမှာ နင်​မသိ​အောင်​ပဲ ​နေချင်​ခဲ့တာ.....
အခု​တော့ ငါလုံးဝ မ​ရောက်​​စေချင်​တဲ့​နေ့ကို ​ရောက်​လာခဲ့ပြီ...''
သူမ စကားကို ကျွန်​​တော်​နားမလည်​​သေး...
"Fan Fan... ငါ​ပြောတာ နင်​ ​သေချာနား​ထောင်​​နော်​....ငါ​ပြောလိုက်​တဲ့အတွက်
နင်​ စိတ်​ညစ်​​ကောင်း စိတ်​ညစ်​မိလိမ့်​မယ်​... ဒါ​ပေမဲ့ ကတိ​ပေးပါ အဲ့ဒီ့စိတ်​ညစ်​စရာ​တွေကို နင်​ဖြတ်​​ကျော်​နိုင်​မယ်​ဆိုတာ...''
မသိ​တော့ဘူး
သူမ ဘာကို ဆိုလိုချင်​​နေမှန်း...ကျွန်​​တော်​ မသိ​တော့ဘူး...
သူမ ထပ်​ပြီး...သက်​ပြင်းချလိုက်​တယ်​....
"Fan Fan တကယ်​​တော့ ငါက.....
.ငါက.......မိန်းမ တစ်​​ယောက်​ မဟုတ်​ဘူး''
(ဘာ......ဘယ်​လို....ကျွန်​​တော်​ ဘာကို ကြားလိုက်​မိတာလဲ)
"နင်​.... နင်​ဘာ​ပြောလိုက်​တာလဲ...နင်​က မိန်းမ မဟုတ်​ဘူး....အဲ့ဒါက ဘာအဓိပ္ပါယ်​လဲ.... ဟင်​.''
ကျွန်​​တော့်​နားကို ကျွန်​​တော်​မယုံနိုင်​​အောင်​ ဖြစ်​သွားတယ်​...... မဟုတ်​​သေးဘူး... ကျွန်​​တော်​နားကြားမှားတာဖြစ်​မည်​.... ဟုတ်​တယ်​....ကျွန်​​တော်​နားကြားမှားတာ...

My Beloved One (Kris - Fan Fiction)Where stories live. Discover now