မိုး "Oh...မိုက်ခ်ရဲ့ တပည့်ကနင်ဖြစ်နေတာကိုး...ဘာဘဲဖြစ်ဖြစ်ပြန်တွေ့တာ ဝမ်းသာပါတယ် ရိပ် "
ရိပ် "........"
မိုး "Hey are you ok..?
ထိုအချိန်မှ စကားပြန်ပြောဖို့သတိရရင်း....
ရိပ် "Aww....ငါအဆင်ပြေပါတယ် ငါလဲပြန်တွေ့ ရတာဝမ်းသာပါတယ် "
ရိပ်ထိုစကားပြောပြီးတွင်မိုး၏ခပ်ရိရိအပြုံးနှင့်အကြည့်ကို ရိပ်နားမလည်ပါ။
မိုး " နင်မပြောင်းလဲသေးဘူးရိပ်....ကဲပါ နင်လဲနားလိုက်ပါအုံး ငါအပြင်သွားရအုံးမယ် နင်လိုတာရှိရင် သွင့်ကို ဒါမှမဟုတ် နင့်အတွက်ပြင်ပေးထားတဲ့အခန်းမှာ ဘဲလ်ရှိတယ်တီးလိုက် သူတို့ချက်ချင်းလာပြီး အကူညီပေးလိမ့်မယ် Ok?..Take your rest...."
ရိပ် " Okay "
ထွက်သွားသော မိုး သည်လွန်ခဲ့သော ၁၂နှစ်ခန့်ကမိုးမဟုတ်တော့ အရင်ကမိုးသာဆို ရိပ်၏ဘေးကထွက်သွားဖို့မပြောနှင့် တောက်တဲ့လို တွယ်ကပ်နေလိမ့်မယ်။ ရိပ်မျော်လင့်ခဲ့တာက အရမ်းသူဌေးသော မိုး ကိုမဟုတ် စကားကိုအေးတိအေးစက် နှင့် ပြောတက်သော မိုး ကိုမဟုတ်။ နွေးထွေးကြင်နာသောအပြုံး ရိပ်ဘာဘဲလုပ်လုပ် အပြုံးလေးနှင့်သာ နင်စိတ်ချမ်းသာရင်ပြီးပြီ ငါ့ကိုချစ်နေရင်ဘဲရပြီး ဆိုသည့် မိုး ကိုမျော်လင့်ခဲ့တာ။ ရိပ်ပြန်အလာကို စောင့်နေသည့်မိုးကိုဘဲ မျော်လင့်ခဲ့တာ အခုတော့ ထွက်သွားပါလို့မနှင်ပင်မဲ့ ကျေးဇူးဆိုသည့်တရားကြောင့်သာ ရိပ်အားလက်ခံထားသည်မှာ သိသာလှသည်။ရိပ်၏အပြစ်ဆိုတာ သိပင်မဲ့ မိုး ၏စိမ်းကားလှသည့်အကြည့်ကို မခံနိုင်ပါ။နင့်ကိုပြန်ပိုင်ဆိုင်ဖို့ ငါပြန်လာခဲ့တာ မိုး.....။
ရှိန် "ဒယ်ဒီ မမ လာမယ်ဆို "
ရှိန်dad " လာမှာပါသမီးလေးရဲ့ သမီးဆီ စာပို့ထားတယ်မလား..."
ရှိန် "Imm....ကြာတယ် စောင့်နေမယ်ဆိုတာသိရဲ့သားနဲ့
ဟော....လာပြီး မမရေမွေးနံ့ရတယ်..."မိုး " ရှိန်ရှိန် သက်သာလာ...."
ရှိန် " အခုသက်သာတယ် ကျန်တဲ့အချိန်မသက်သာဘူး "
YOU ARE READING
မူလသခင်
Romanceချစ်တယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် လွမ်းတယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် အချိန်တန်တော့လဲ ရင်ဝကိုဆောင့်ကန်ပြီး ကိုယ့်ထက်တခြားအရာကိုသူရွေးချယ်ခဲ့တာပါဘဲ....အဲ့လိုနာကျင်တဲ့အချစ်ပေးခံခဲ့တာတောင်မှ နှလုံးသားက သူ့သခင်တယောက်ကိုဘဲ တမ်းတနေဆဲ.....