မိုးနှင့်စကားတပြောပြော အတူပါသောလာသော လူတစ်ယောက် အရပ်ခပ်မြင့်မြင်နှင့် မိန်းကလေးတွေကြွေလောက်သည့်
ရုပ်မျိုး......မိုး "ရှား..နင်ဒီမှာနေမှာလာ..... "
ရှား"မနေပါဘူး မမလေးမိုးရယ် ညည်းမျက်စောင်းကိုကြောက်
လို့ပါ အဟင်း နင့်အကြောင်းမသိရင်ခက်မယ် "မိုး "သိရင်လဲပြီးရော လာ ငါ့အိမ်မှာလူသစ်ရောက်တယ် မိတ်ဆက်ပေးမယ် "
ရှား " ဘယ်သူလဲ ဘယ်ကလဲ မိန်းကလေး ယောကျာ်းလေး "
မိုး " ပါးစပ်ပိတ်ထားပါကိုယ်တော် ရိပ်ခဏလောက်လာအုံး
ငါလူတစ်ယောက်နဲ့မိတ်ဆက်ပေးချင်လို့ "ရိပ်ကျလာသည့်မျက်ရည်ကိုသုတ်ရင်း ဧည့်ခန်းဘက်သို့သွား
ကာ.....ရိပ် " မိုးပြန်လာပြီလာ ပင်ပန်းနေမှာပေါ့ "
မိုး "ရပါတယ်ဒီခရီးတွေကငါသွားနေကျပါ ဒီတစ်ယောက်ကိုဝင်ကြိုနေလို့ပြန်လာမဲ့အချိန်ထက်နောက်ကျသွားတာ ငါနင့်ကိုဆေးရုံလိုက်မပို့ပေးနိုင်တော့ဘူး Sorry "
ရိပ် "ရပါတယ် ငါနားလည်တယ် နင်လဲပင်းပန်မှာပေါ့ "
မိုး "နည်းနည်းပေါ့ ဒါ ရှားကမ္ဘာ တဲ့ ငါနဲ့ Usမှာကျောင်းအတူတက်ခဲ့တာ မာမီတို့နဲ့လဲရင်းနှီးတယ် ရှားဒါ မေလရိပ် တဲ့"
ရှား "ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် မိုးကိုခင်သလိုခင်လို့
ရပါတယ် မကြာခင်ကျွန်တော်တို့ကစေ့စပ်တော့မှာဆိုတော့
မိုးသူငယ်ချင်းလဲ ကျွန်တော့သူငယ်ချင်းဘဲပေါ့....."ရိပ်အားတင်းကာပြုံးပြရင်.....
ရိပ် "ဟုတ်ကဲ့ကျွန်မလဲတွေ့ရတာဝမ်းသာပါတယ် ကျွန်မကိုသွားခွင့်ပြုပါအုံး ဆေးရုံချိန်ကနီးနေပြီမို့ မိုးငါသွားတော့မယ် "
မိုး "ဂရုစိုက်နော်...."
ရိပ် "Imm......"
ရိပ်ထွက်သွားပြီးသည်နှင်.....
မိုး "ငရှားရာ ဘာလို့သွားပြောလိုက်ရတာတုံး "
ရှား"ငါသိတာက နင့်ကိုငါတို့သတ်မှတ်ထားတဲ့အချိန်အတွင်း
ငါပိုင်တယ် 😏"
YOU ARE READING
မူလသခင်
Romanceချစ်တယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် လွမ်းတယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် အချိန်တန်တော့လဲ ရင်ဝကိုဆောင့်ကန်ပြီး ကိုယ့်ထက်တခြားအရာကိုသူရွေးချယ်ခဲ့တာပါဘဲ....အဲ့လိုနာကျင်တဲ့အချစ်ပေးခံခဲ့တာတောင်မှ နှလုံးသားက သူ့သခင်တယောက်ကိုဘဲ တမ်းတနေဆဲ.....