သမီးလေးနေကောင်းနေပြီးမို့ ဆေးရုံကဆင်းခွင့်ရပြီး ရိပ်လဲသိမ်းစရာရှိတာသိမ်းကာ အိမ်သို့ပြန်ရန်အဆင်သင့်ဖြစ်နေပြီမို့ ရိပ် သမီးလေး၏ပါးကိုတစ်ချက်နမ်းကာ....
ရိပ် "အိမ်ပြန်ကြစို့ သမီးရဲ့မာမာက company မှာအရေးကြီးကိစ္စရှိလို့ သမီးကိုလာမခေါ်အားဘူး မေမေဘဲ
သမီးကို အိမ်ခေါ်သွားရမှာ....ဟူး မေမေ့အဖြစ်ကလဲမလွယ်ပါလားနော့်.....သမီးမာမာမေ့မေ့ကိုဘယ်တော့ပြန်ဂရုစိုက်လာမလဲမသိဘူး မေမေသူ့ကိုလွမ်းလှပြီး သွေးလေးရဲ့ သွေးလေးကိုဘဲသူဂရုစိုက်တာ မေမေ့ကိုဂရုစိုက်တာမဟုတ်ဘူး....."သမီးလေးက လက်ဖြင့်မိမိပါးကိုလာပွတ်နေသည်မို့.....
ရိပ် " သူစိတ်ပြန်လည်လာမယ်မလား....သမီးလေးကြီးလာရင် သမီးရဲ့မာမာကိုဆူပစ်သင့်တယ် မေမေခံစားနေရတာကျတော့သူမမြင်ဘူး သူ့စိတ်ကြိုက်နေနေတယ်...ကဲ စိတ်ညစ်စရာတွေခဏထားပြီး အိမ်ပြန်ကြစို့ "
ရိပ်အားတင်းပြီးသာနေနေရတာ တကယ်တော့ ရင်ဘတ်ထဲ
နာကျင်လွန်းလို့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာပင် သမီး
လေးရှိလို့သာ သူမခံနိုင်ရည်နည်းနည်းရှိသည် သမီးလေးကိုလဲကျေးဇူးတင်လှသည် သမီးလေးကြောင့်သာ မိုး အိမ်သို့ပြန်လာနေခြင်းမဟုတ်လား...မိုးရယ် ရိပ်ကိုနည်းနည်းတော့သနားသင့်တယ်။မိုး "သမီးလေး မာမာပြန်လာပြီး ဒီနေ့နေသာရဲ့လား ဗိုက်ကောဝရဲ့လာ......"
ညနေမိုးပြန်လာခါနီးမို့ သမီးကိုရေပတ်တိုက်အဝတ်စားလဲကာ
ချီပြီးအောက်ထပ်အဆင်း မိုးပြန်အလာနှင့်ကြုံတာမို့ ရိပ်ရင်ခွင်
ထဲက သမီးသွေးရဲ့ ပါးပြင်ကိုငုံ့ကာနမ်းလိုက်တာမို့ ရိပ်လွမ်းလှသည့် မိုး၏ကိုယ်သင့်နံ့လေးကိုရရှိလိုက်သည်။မိုး "ညကျရင် ညအိပ်ဧည့်သည်ရှိလိမ့်မယ် ဒီညအပေါ်ထပ်ကိုလာအိပ်မယ် မနီတို့ကို တစ်ယောက်အိပ်ကုတင်ပြင်ခိုင်းထား...."
ရိပ်"umm စိတ်ချ"
ရိပ်တို့ပြသနာဖြစ်ပြီးကတည်းက မိုးအောက်ထပ်မှာဘဲအိပ်တာမို့ ဒီညအပေါ်ထပ်လာအိပ်မည်ဟု ပြောလာသဖြင့် ရိပ်အနည်းငယ်ပျော်မိပါသည် ထိုဧည့်သည်ကိုမတွေ့သည့်အချိန်ထိပေါ့ ။
YOU ARE READING
မူလသခင်
Romanceချစ်တယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် လွမ်းတယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် အချိန်တန်တော့လဲ ရင်ဝကိုဆောင့်ကန်ပြီး ကိုယ့်ထက်တခြားအရာကိုသူရွေးချယ်ခဲ့တာပါဘဲ....အဲ့လိုနာကျင်တဲ့အချစ်ပေးခံခဲ့တာတောင်မှ နှလုံးသားက သူ့သခင်တယောက်ကိုဘဲ တမ်းတနေဆဲ.....