ထိုနေ့က မိုးဆယ်တန်းအား ပထမဆုံးတက်သောနေ့
All "မင်္ဂလာပါဆရာမ"
တီချယ်"မင်္ဂလာပါ...ဒီနေ့တီချယ်တို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူလေးရှိတယ် မိုးသွေးစက် တဲ့ ကဲသူ့ကိုလိုအပ်တာ ကူညီပေးလိုက်ကြနော်"
All "ဟုတ်ကဲ့ပါ တီချယ်"
တီချယ် "သမီးမိုးသွေးစက် နှစ်ခုံမြောက်က မွန်နဲ့ရိပ် ဘေးမှာထိုင်လိုက် သူတို့ကဒီအတန်းထဲမှာ စာအတော်ဆုံး သမီးကိုသူတို့ကူညီပေးကြလိမ့်မယ် "
မိုး "ဟုတ်ကဲ့"
မိုးကြည့်လိုက်တော့ မိုးအားစိတ်ဝင်တစားနှင့်ကြည့်နေသောကောင်မလေးနှင့် ထိုကောင်မလေးအား စိတ်တိုနေသောမျက်နှာထားနှင့်ကောင်မလေး ဘယ်သူ့ဘေးမှာထိုင်ရမလဲ ဆိုတာစဉ်းစားရခက်နေတုန်းဘဲရှိသေးသည် မိမိအားစိတ်ဝင်တစားနှင့် ကြည့်နေသောကောင်မလေးမှာ သွက်လက်စွာပင် မိမိလက်အာဆွဲကာ
Girl1 "လာဒီမှာထိုင် ငါ့နာမည်ကငြိမ်းချမ်းမွန်တဲ့ ငါ့ဘေးကတစ်ယောက်က မေလရိပ် အကူအညီလိုရင်ပြော ငါအားလုံးကူညီပေးမယ် "
မိုး "ကျေးဇူးဘဲ ငြိမ်းချမ်းမွန် "
မေလရိပ်ဆိုသည့်ကောင်မလေးကတော့ မိမိအား တစ်ချက်ဘဲလှည့်ကြည့်ကာ အကြည့်ချင်းဆုံတော့ ရှေ့ဘက်ကိုချက်ချင်းလှည့်လိုက်သည်မှာကလေးဆန်လှသည် မို့ မိုးပြုံးမိသည်။နေ့လည်ထမင်းစားချိန်ရောက်တော့ သူမတို့သုးံယောက် အတူထမင်းစားနေချိန်တွင်
မွန် " မိရိပ် ညည်းကဘာဖြစ်နေတာလဲ စကားလဲမပြောငြိမ်လှချည်လား "
ရိပ် "ဘာမှမဖြစ်ဘူး ရွတ်..."
ဟင်သူမမျက်ရည်ဝဲနေတယ်...ဘာဖြစ်တာပါလိမ့်
မွန်"ကြည့်ဒီကလေးမကတော့အကြောင်းမသိရင်ခက်မယ်.."
မိုး "နေမကောင်းတာလာဟင်..."
မွန်"မဟုတ်ဘူး မိုး သူကအဲ့လိုဘဲ ငါ့ကိုအရမ်းတွယ်တာ တခြားသူငယ်ချင်းထားလိုက်ရင် သူအမြဲအဲ့လိုဖြစ်နေကျ အခုလဲ နင့်ကိုပိုခင်မှာစိုးလို့ ဝမ်းနည်းနေတာ သူ့မှာသူငယ်ချင်းသိပ်မရှိတော့ အဲ့လိုဘဲ"
YOU ARE READING
မူလသခင်
Romanceချစ်တယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် လွမ်းတယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် အချိန်တန်တော့လဲ ရင်ဝကိုဆောင့်ကန်ပြီး ကိုယ့်ထက်တခြားအရာကိုသူရွေးချယ်ခဲ့တာပါဘဲ....အဲ့လိုနာကျင်တဲ့အချစ်ပေးခံခဲ့တာတောင်မှ နှလုံးသားက သူ့သခင်တယောက်ကိုဘဲ တမ်းတနေဆဲ.....