မိုး "ငါလူတစ်ယောက်ကိုချစ်မိနေလို့ သေချာသလားဆိုတာ ရှင်းရှင်းလင်းလင်းသိချင်လို့ ငါတစ်ယောက်ထဲအိမ်အောင်းပြီးနေနေတာ ဒီနေ့မှအိမ်ပြင်ထွက်တာ "
ရိပ်"ဘယ်သူလဲ နင်ချစ်တဲ့သူက "
မိုး"ထားလိုက်ပါတော့ဟာ မဖြစ်နိုင်ဘူးသူနဲ့ "
ရိပ်"မိုး ဘယ်သူလဲ ငါနောက်တစ်ခါထပ်မမေးချင်ဘူး နင်ပြောတော့ နင်ချစ်သူထားရင် နင်စိတ်ဝင်စားတဲ့သူရှိရင် ငါတို့ကိုအသိပေးမယ်ဆို"
မိုး"နင်တို့ကျတော့ရော ငါ့ကိုလျို့ဝှက်ချက်တွေထားတာ ဘာသဘောလဲ ရိပ် "
ရိပ်"ငါမှားမှန်းသိလို့ ငါတောင်းပန်မယ်ဆိုတော့ နင်တောင်ပန်ခွင့်တောင်မပေးဘဲ ရှောင်ပြေးနေတာလေ ငါမပြေပြထားဘူးဆိုတာ ငါ့ကိုနင်လေးမထားတော့မှာ ဂရုမစိုက်တော့မှာကြောက်လို့ ပြီးတော့ ငါနဲ့သူနဲ့ကပြီးသွားပြီလေ"
မိုး"နင်ဘာလို့ ငါနင့်ကိုဂရုမစိုက်မှာ အလေးမထားတာတွေ ကြောက်တာလဲ ရိပ်"
ရိပ်"😡ငါ့မေးခွန်းကို တခြားစကားနဲ့မလွဲနှဲ့ မိုး ငါမေးတာဖြေ သူကဘယ်သူလဲ "
မိုး "နင်ကရော ဘာလို့သိချင်တာလဲ နင့်အတွက်အရေးပါလို့လာ"
ရိပ် "ပါတယ် "
မိုး ရိပ်အားစိုက်ကြည့်ရင်း......
မိုး "ငါနင့်ကိုချစ်နေတာလေ....."
ရိပ် "................."
မိုး "ကြည့်နင်ဘာမှမပြောနိုင်ဘူးမလာ ငါပြောသားဘဲ မဖြစ်နိုင်လို့ထားလိုက်ပါလို့ နင်ကအနာကိုလာဆွနေတာ....."
ရိပ်"ငါလဲနင့်ကိုချစ်လို့ နင်အလေးမထားမှာ ဂရုမစိုက်မှာကိုကြောက်နေတာလေ မိုးရဲ့ နင်ကနှစ်ပတ်တောင်ပျောက်နေတာ ငါဘယ်လောက်ဝမ်းနည်းလဲနင်သိလာ 😤 သတ္တိမရှိရင်မချစ်နဲ့ပေါ့"
မိုးထံမှထိုစကားကြားဖို့မမျော်လင့်ထားတာတော့အမှန်ပင် သူလူတစ်ယောက်ကိုချစ်နေမိပြီဟု ပြောလာချိန် ရိပ်၏ရင်ထဲဗြောင်းဆန်နေသည် ကိုယ်တိတ်တခိုးချစ်နေမိ
သော သူကချစ်ရတဲ့သူရှိတယ်ဟုပြောလာချိန် ဘယ်သူလဲ
ဆိုတာသိဖို့လိုအပ်လို့ သူမအတင်းမေးရာမှ မိုးထံမှချစ်တယ်ဟုဝန်ခံလာချိန် ကျွန်မထက်ပျော်မဲ့သူရှိပါ့
မလား..........
YOU ARE READING
မူလသခင်
Romanceချစ်တယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် လွမ်းတယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် အချိန်တန်တော့လဲ ရင်ဝကိုဆောင့်ကန်ပြီး ကိုယ့်ထက်တခြားအရာကိုသူရွေးချယ်ခဲ့တာပါဘဲ....အဲ့လိုနာကျင်တဲ့အချစ်ပေးခံခဲ့တာတောင်မှ နှလုံးသားက သူ့သခင်တယောက်ကိုဘဲ တမ်းတနေဆဲ.....