မိုးလေးလံလွန်းလှသော မျက်လုံးကိုကြိုးစားပြီးဖွင့်ကြည့်တော့
မိမိလက်တွင် ဆေးသွင်းထားပြီး ကိုယ့်အခန်းမဟုတ်မှန်းသိ
တော့မှ ဆေးရုံရောက်နေမှန်းသိရတော့သည်။စားစရာတချို့နှင့်အခန်းတွင်းသိုဝင်လာသော ရိပ်ကဝမ်းသာစွာ ပြေးလာသဖြင့်....မိုး "ဖြေးဖြေး အမတော် ဗိုက်ထဲမှာကလေးနဲ့ "
ရိပ်"သတိရပြီးလာ....စိတ်ပူလိုက်ရတာ အခုမှဘဲစိတ်အေးသွားပြီး အနာကနာနေသေးလာ "
မိုး "မနာပါဘူး အေးဆေးပါ ဒီထက်ပြင်းတဲ့ဒဏ်ရာတွေတောင် မိုးရခဲ့ဘူးတယ် မိုးဆေးရုံးကဆင်းပြီးအိမ်မှာဘဲနေချင်တယ် "
ရိပ်" ဒီနေ့ဘဲတက်ဒီနေ့ဘဲ ပြန်ဆင်းလို့ရမလား မိုးမျက်နှာကလဲ ဖြူရော်ဖြူဖတ်နဲ့ မနက်ဖြန်မှဆင်းမယ်လေနော် "
မိုး" မိုးကဆေးရုံအနံ့မကြိုက်ဘူး ပြန်ရ.."
ရိပ်"တော်ပြီး တရက်လေးတော့ဆေးရုံမှာနေ ဘာမှမပြောနဲ့တော့ "
မိုး"ဒါဆို ရိပ်ကအိမ်ပြန်ပြီးနားလိုက်နော် မိုးတစ်ယောက်ထဲဖြစ်တယ် ရိပ်ပင်ပန်းနေလိမ့်မယ်"
ရိပ်" VIP အခန်းယူထားတာ မိုးဘေးမှာနေချင်လို့လေ "
မိုး"မတားတော့ဘူး..."
ရိပ်"ရော့ မုန့်စားပြီးရင်ဆေးသောက်ရမယ် "
မိုး"ဟုတ်ကဲ့ 😖"
ဦးမြတ်သာတစ်ယောက် ဒေါသများထိန်းမရဘဲ ရှိသမျှပစ္စည်းတွေရိုက်ခွဲပစ်ကာ ရှေ့တွင်ရပ်နေသော တပည့်များ၏ မျက်နှာတွင် တစ်ချက်စီ ထိုးလိုက်ပြီး
ဦးမြတ် " စောက်သုံးမကျတဲ့ဟာတွေ.....အခုတော့ရဲတွေက
ငါ့ကိုခြေရာခံနေကြပြီး မိန်းကလေးတစ်ယောက်ကိုတောင်မ
နိုင်ကြဘူးလားကွ..."တပည့်"ဟိုကောင်တွေ အချုပ်ခန်းထဲသွားကြည့်တုန်းက သူတို့ပြောတာတော့ မိုးသွေးစက် ကကိုယ်ခံပညာ တော်တော်
ကျွမ်းတယ်တဲ့ လူဆယ့်ငါးယောက်လောက်ဆိုလဲအေးဆေး
ဘဲတဲ့ အာစိ အဲ့မိန်မကညဏ်များတာတော်တော်များတယ်နော် အာစိကိုရဲတွေခြေရာခံဖို့ သူ့ကိုသူအနာခံပြီး ထိုးလိုက်တဲ့ဓားကိုမရှောင်ဘဲ အေးဆေးခံနေတာ မျက်နှာတောင်တစ်ချက်မှ တွန့်မသွားဘူးတဲ့.....သွေးအေးတဲ့
မိန်းမ မလွယ်ဘူး "
YOU ARE READING
မူလသခင်
Romanceချစ်တယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် လွမ်းတယ်လို့ တစ်ဖွဖွပြောခဲ့ဘူးတယ် အချိန်တန်တော့လဲ ရင်ဝကိုဆောင့်ကန်ပြီး ကိုယ့်ထက်တခြားအရာကိုသူရွေးချယ်ခဲ့တာပါဘဲ....အဲ့လိုနာကျင်တဲ့အချစ်ပေးခံခဲ့တာတောင်မှ နှလုံးသားက သူ့သခင်တယောက်ကိုဘဲ တမ်းတနေဆဲ.....