" ကောင်လေး .. လူတစ်ယောက်ကို
မင်းဝင်တိုက်ပြီးရင် ပြန်တောင်းပန်ရမယ်
ဆိုတဲ့ လူကျင့်ဝတ်ကို မသင်ထား ဘူးလား "ဆူညံလွန်းသည့် အသံကျယ်ကျယ်လောင်တွေကို
အောင်နိုင်ကာ တော်ရုံအသိအမှတ်မပြုတက်သော
နားစည်အိမ်ထဲသို့ ဖြိုခွင်းဝင်ရောက်လာသော
ခပ်ကြည်ကြည် ခပ်ချို ချို အသံလှိုင်းတစ်ခုက
ခဏတစ်ဖြုတ် အသက်ရှူ ရပ်သွားစေသည် ။" ဟုတ်တယ် .. မသင်ရဘူး ..
ဘာလို့ဆို သင်ပေးမဲ့ မိဘမရှိလို့ဘဲ "ခပ်စူးစူးသီချင်းသံတွေကြားထဲ တစ်ဖျက်ဖျက်
အလင်းရောင်အောက် တစ်စုံတစ်ယောက်နဲ့
အထူးသဖြင့် ယောကျာ်းတစ်ယောက်နဲ့ စကား
စမြည်ပြောခြင်းထက် မိန်းမတစ်ယောက်နဲ့
စိတ်လွတ်ကိုယ်လွတ် ကရသည်က ပိုအကျိုးရှိမည်ဟု
တွေးလိုက်သဖြင့် အေးအေးဆေးဆေးနားချနေ
သော ထိုသူအား ကျတော့်အကျင့်အတိုင်း
ကန့်လန့်တိုက်မိသည် ။" အခုသိပြီမဟုတ်လား .. နောက်ဆို
မရိုင်းစိုင်းစမ်းနဲ့ "ရိုင်းစိုင်းတယ် .. ကျတော်က
" ဒီမှာ ခင်ဗျား တစ်စိတ်တော့ လွန်နေပြီ "
အရပ်တူရုံသာမက ခန္ဓာကိုယ်အရွယ်အစားချင်းပါ
တူညီနေသည့်တိုင် ကျတော့်ကို အရှိန်အဝါကောင်း
ကောင်းနှင့် ချိုးနှိမ်နိုင်မည့် တစ်ဦးတည်းသော
လူသားရှိပြီလောဟု အလန့်တကြား တွေးမိနေချိန်
မျက်စိရှေ့က လူသားက ခပ်တိုးတိုး ရယ်သည် ။" ဘာလဲ .. ကိုယ့်ကို လက်သီးနဲ့ထိုးချင်
လို့လား "ကျတော့်အကျင့်က ထစ်ခနဲဆိုလျှင် ခြေပါလက်ပါ
တက်အောင်အထိ သွေးဆိုးသောသူဖြစ်သော်လည်း
အခုအချိန်တွင် အားသုံးရမည့်အစား သူ့စကားကိုပါ
နားထောင်ချင်လာပြီး ပြန်တောင်းပန်ရန်
ဆုံးဖြတ်လိုက်သည့်အထိ မိနစ်ပိုင်းအတွင်း
ကျတော့်၏ အသိစိတ်ကို ထိန်းချု ပ်သွားသည် ။
YOU ARE READING
Analysis [ Complete ]
Fanfictionမရူးစမ်းနဲ့ ကောင်လေး အရေးမပါတာတွေ စိတ်ကူးယဉ်နေမဲ့အစား ကိုယ့်ကို မေ့ပစ်သင့်တာ Byun Baekhyun × Lee Taeyong [ Just Fiction ]