The man : make me Fool

1.5K 210 2
                                    

" သူက အခုထိ ​ဆေးရုံမှာဘဲလား "

" ဟုတ်​တယ်​ ကိုမာဖြစ်​သွားတာ ..
ပြန်​သတိရဖို့လုံးဝမဖြစ်​နိုင်​တဲ့ကိစ္စကို ကိုကို က
အစွဲအလမ်းကြီးပြီး လက်​မလွှတ်​ဘူး​လေ "

" အရမ်းချစ်​ခဲ့မှာ​ပေါ့ "

" မ​တော်​တဆဖြစ်​ပြီး ကိုကို အရမ်း ​ခေါင်းမာလာ
တယ်​ .. "

သူမကို အားနာ​ပေမဲ့ ညီမဖြစ်​သူဆီကသာ
အကို့အ​ကြောင်း သိရမှာမို့ ကျ​တော့်​ကိုချစ်​​သော
ထိုမိန်းက​လေးဆီက ကျ​တော်​ချစ်​​သောသူ၏
အတိတ်​အ​ကြောင်းကို မျက်နှာ​ပြောင်တိုက်စွာ
အကုန်​လုံး ​မေးမိသည်​ ။

" နင်​ ကိုကို ကို အရမ်းချစ်​တာဘဲလား "

" ​ယောင်းနာကို ထိခိုက်​​စေတာရှိခဲ့ရင်
တောင်းပန်​ပါတယ်​ "

အမှန်​တကယ်​ကို အားနာမိ၍ အ​လေးအနက်
ပြန်​​တောင်းပန်​​တော့ သူမက ခပ်​​လျော့​လျော့​လေး
ပြုံးပြပြီး ​ခေါင်းခါသည်​ ။

" ရတယ်​ .. ငါဘာမှမဖြစ်​ဘူး
ဒါ​ပေမဲ့ နင်​နဲ့​တော့ ဆက်​ခင်​ခွင့်​​ပေးမယ်​မဟုတ်​လား "

" မဟုတ်​တာ ​ယောင်းနာ ရာ .. အဲ့စကားက
ကိုယ်​​ပြောရမှာ​လေ "

ြေ​ဗာင်​ ဘတ်​ ဟျွန်း ညီမ ဖြစ်​​နေလို့လားမသိ ..

မဟားတရားကို ချစ်​စရာ​ကောင်းပြီး
စိတ်​ထား​လေးကအစ ​ကောင်းမွန်​လှသည်​ ။

ချစ်​ရသူရဲ့ ညီမ ဆို​တော့ ဒီထက်​မက
ချီး ကျူးသင့်​တယ်​ မဟုတ်​လား ။

ဤသည်​လည်း ဖားခြင်းတစ်​မျိုး​ပေါ့ ။

" စိတ်​မပူနဲ့ နင်​တို့နှစ်​​ယောက်​ကို ရ​အောင်
အောင်​သွယ်​​ပေးမယ်​ .. ငါဘယ်​သူလဲ
ြေ​ဗာင်​ ​ယောင်း နာ ပါ "

လက်​​မတစ်​​ထောင်​​ထောင်​နှင့်​ သူ့ကိုယ်​သူ
အမွန်းတင်​​နေ​သော သူမကို မ​လှောင်​မိ ။

အခုအချိန်​ ကိုယ်​ခံစားရသလို သူမသည်​လည်း
နာကျင်​​နေမှာ ။

" ​ကျေးဇူးပါ ​ယောင်းနာ "

" ​ကိုကို က အရမ်းစိတ်​​ဒဏ်​ရာများခဲ့တယ်
ထယ်​ ယုံး .. အထူးသဖြင့်​ ချွဲ ဟန်​ ဆိုး ဖြစ်​သွား
တာ​ကြောင့်​​ရော ​ဖေ​ဖေ ကပါ အရမ်း ဖိအား​ပေးတာ
ကြောင့်​​ရော .. ငါက​တောင်​ မိဘစုံစုံလင်​လင်​နဲ့
အ​ကောင်းဆုံး​တွေသုံးပြီး ​နေခဲ့ရတာ .. ဒါ​ပေမဲ့
ကိုကို က .. "

Analysis [ Complete ]Where stories live. Discover now