The man : make me Painful

1.6K 236 16
                                    

" အခုချက်​ချင်း အဝတ်​အစားပြန်​ဝတ်​စမ်း "

ယောကျာ်းဆန်​​သော လည်​တိုင်​​ပေါ်က ​ဒေါသဖြင့်
ထောင်​တင်း​နေ​သည့်​ ​အ​ကြောရိုင်းများအား
ခပ်​​ထွေ​ထွေကြည့်​ရင်း တစ်​စုံတစ်​ရာ​သော
နာကျင်​မှုက ရင်​ဘတ်​ကြီးကို ဆွဲကုတ်​သည်​ ။

" ခိုင်း​တော့လည်း ခင်​​ဗျား ဘဲ
အရှက်​မရှိဘူးလား ​မေးတာလည်း ခင်​​ဗျားဘဲ ..
ကျ​တော့်​ကို ဘာဖြစ်​​စေ​ချင်​တာလဲ .. "

သူ့အတွက်​ အရှက်​ သိက္ခာ မာန အကုန်​ လွင့်​ပစ်
ထားတယ်​​လေ .

ဘာလို့များ အခုထက်​ထိ ကျ​တော့်​ကို စိတ်​ကစား​နေ
တယ်​လို့ သံသယဝင်​​နေတာလဲ

" ကိုယ်​ထင်​ထားတာ မင်းအဲ့​လောက်​ထိ
မိုက်​မဲလိမ့်​မှာ မဟုတ်​ဘူးလို့ . ဘာလို့ တန်​ဖိုး
မဲ့ရတာလဲ .. "

" အဲ့ဒါဆို ဘယ်​လိုလုပ်​ရမလဲ .. ခင်​​ဗျား​ဘေးမှာ
ရှိ​နေဖို့ "

" ကိုယ်​မင်းကို အရမ်းစိတ်​ပျက်​တယ်​​ကောင်​​​လေး "

နောက်​ဆုံး​တော့ ကျ​တော်​ကဘဲ သူ့လို တဏှာကင်း
နေတဲ့ သူ​တော်​​ကောင်းကြီးကို ဈာန်​လျှော​အောင်
မြူ စွယ်​မိတဲ့ လူငမိုက်​သား​ပေါ့​လေ ။

သူစကားတက်​တိုင်း ကျ​တော်​ကဘဲ ကိုယ့်​ဇာတ်
ကိုယ့်​ရပ်​ကွက်​မှာ မ​ကောင်းတဲ့သူလုံးလုံးကြီးကို
ဖြစ်​လို့ ။

" ကျ​တော့်​ကို ပြန်​ချစ်​ဖို့ စိတ်​ကူးမရှိရင်​​တောင်
ဒီတိုင်း ကျ​တော်​​ပေးသမျှယူပြီး လျစ်​လျူ ရှု​ပေးပါ
ခင်​​ဗျား အနားက​နေ နှင်​မထုတ်​ရင်​ရတယ်​ "

အဆုံးထိ​သော ကျရှုံးမှုများနှင့်​ သူ့​ရှေ့ဒူး​ထောက်​ရင်း
ယင်းလူသားကို ဖက်​တွယ်​ထားနိုင်​ဖို့ ဒီထက်​ပိုဆိုး
တာလည်း လုပ်​နိုင်​သည်​ ။

" ကိုယ်​က မင်းထင်​​နေသလို လူတစ်​​ယောက်
မဟုတ်​ဘူး ထယ်​ ယုံး .. ကိုယ့်​အတိတ်​ က
ဆိုးဆိုးရွားရွားကို ညစ်​ညမ်းခဲ့ဖူးတယ်​ "

နီရဲ​နေ​သော မျက်​ဝန်းရီ​ဝေ​ဝေက အတိတ်​အ​ကြောင်း
အရာကို သတိရသွားဟန်​ဖြင့်​ ခပ်​​ဖျော့​ဖျော့ ​လေပူ
တစ်​ချက်​ကို မသက်​မသာ မှုတ်​ထုတ်​ပြီး ကုတင်
ပေါ် ထိုင်​ချသည်​ ။

Analysis [ Complete ]Nơi câu chuyện tồn tại. Hãy khám phá bây giờ