" ကိုကို "
" မင်းရောက်လာပြန်ပြီလား "
မနူးမနပ် အရွယ်မရောက်သေးတဲ့ကလေးငယ်
တစ်ယောက်ကို လူကြီးဖြစ်တဲ့ကိုယ်က မတားမြစ်နိုင်
ခြင်းသည် လွန်စွာခေါင်းခဲသောကိစ္စဖြစ်သည် ။" ကိုကို သိလား . ဒီနေ့ ဟျွန်းနီလေ "
" ပြန်တော့ "
ကိုယ့်ရှေ့လာရပ်ကတည်းက အကြည့်လွဲထားပြီး
ထပ်ခါထပ်ခါ ပြန်တော့ဟု နှင်ထုတ်ထားသည်ကို
တောင် ကိုယ်တော်လေးက ဂရုတောင်စိုက်ဟန်
မပြု ဘဲ ထိုင်နေသော မိမိပေါင်ပေါ် အတင့်ရဲစွာ
ဝင်ထိုင်လေသည် ။ဘာသားနဲ့ထုထားတဲ့ယောကျာ်းမျိုးက ဤသို့သော
နူးနူးညံ့ညံ့အထိအတွေ့မှန်သမျှကို တွန်းလှန်နိုင်
မည်တဲ့လား ။" ဟျွန်းနီကိုလေ ကျောင်းမှာ .. အနိုင်ကျင့်ကြတယ်
သိလား ကိုကို "အနိုင်ကျင့်ခံရတယ် .. ဟျွန်းနီက
" ဘာဖြစ်သွားသေးလဲ .. နာသွားလား ..
ဆရာမကိုတိုင်လေ .. ဘာလို့ ဒီတိုင်းငြိမ်ခံလာရ
တာလဲ "မျက်ရည်ဝိုင်းနေသော မျက်ဝန်းငယ်နှင့် ကိုယ့်ကို
မော့ကြည့်လာသည့်အခါ စိုးရိမ်စိတ်များဖြင့်
ကမ္ဘာပျက်နေသော မိမိက ကလေးငယ် မေးလေ့
ရှိသည့် " ကိုကို ဟျွန်းနီ ကို ချစ်လား " ဟူသော
အမေး၏အဖြေကို တစ်လောကလုံးကြားအောင်
အော်ဟစ်ချင်မိပါရဲ့ ။" မတိုင်ဖြစ်ခဲ့ဘူး ကိုကို .. ဘာလို့ဆို သူတို့ပြောတဲ့
စကားတွေက မှန်နေလို့လေ "" ဘာမို့လို့လဲ "
" မင်းအမေက ပိုင်းလုံးမ ဆိုတဲ့စကား ..
အမှန်ဆို အဲ့အသုံးအနှုန်းက ယဉ်ကျေးပါသေးတယ်
ဒီထက် ခပ်ရိုင်းရိုင်းတောင် နှိမ်လို့ရသေး
ဟျွန်းနီ သူတို့ကို စိတ်မဆိုးပါဘူး .. ကိုယ့်ဘဝကို
မမေ့အောင် အမြဲသတိပေးနေလို့ ကျေးဇူးတောင်
တင်ရဦးမယ် "
YOU ARE READING
Analysis [ Complete ]
Fanfictionမရူးစမ်းနဲ့ ကောင်လေး အရေးမပါတာတွေ စိတ်ကူးယဉ်နေမဲ့အစား ကိုယ့်ကို မေ့ပစ်သင့်တာ Byun Baekhyun × Lee Taeyong [ Just Fiction ]