" idol ဘာလို့ဖြစ်လာတယ်ထင်လဲ "
ဆေးရုံကုတင်ပေါ် ရှုပ်ထွေးထွေးစက်ပစ္စည်းများစွာဖြင့်
ဘေးကလူကြည့်တာတောင် အရမ်းပင်ပန်းမှန်း
ခံစားမိသည် ။ဖြူ ဖျော့နေသည့်တိုင် ချောမောမှုကို ဖုံးဖိမရသော
ထိုလူ့မျက်နှာပြင်ကို ဆွေးမြည့်မြည့် ငေးကြည့်နေ
သည့် သူ့အားကျတော်က ဘေးမှ အတိုင်းသား မြင်နေ
ရသည် ။ချစ်မြတ်နိုးမှုအပြည့်
လွမ်းဆွတ်မှုအပြည့်
ဝမ်းနည်းမှုအပြည့်
နာကျင်မှုအပြည့်စသောစသော ခံစားမှုအဖုံဖုံကို
သူ့မျက်ဝန်း သူ့မျက်နှာနုနုမှ မြင်နေရသောအခါ
ကျတော်၏ အချစ်များသည် လွန်စွာသနားဖွယ်
ကောင်းသည်ဟု သွားတွေးမိသည် ။ပေးလိုသည့် သူက လက်မခံဘဲ ပစ်စလက်ခတ်
လျစ်လျူ ရှုသွားတော့ စေတနာပလပွနှင့်
ယူပါယူပါဟု အသနားခံနေရသည့်အဖြစ်က
နည်းနည်းတော့ ရင်ခံချင်စရာပင် ။မချစ်ချင်တော့ဘူးဟု ကြွေးကြော်ပြီးမှ သူ့မျက်နှာ
လေး မြင်ရမှ စားဝင်အိပ်ပျော်လိမ့်မည်ဟူသော
သောက်ရူးထမှုများက ကျတော် သူ့အနားတွင်
ထပ်မံ၍ တွယ်ကပ်ရခြင်းအကြောင်းဖြစ်သည် ။" ကိုကိုရဲ့ အိမ်မက်က idol တစ်ယောက်ဖြစ်ဖို့
လေ "ဆိုလိုချင်တာက သူ့အချစ်ဦး ရဲ့ ဆန္ဒကို သူက
ဆက်လုပ်တာပေါ့ ။" တော်တော်ချစ်တာဘဲ "
" အင်း ချစ်တယ် "
ကျတော့်အမေးအား တစ်စက်ကလေးမှ တုံ့ဆိုင်းခြင်း
မရှိ ပြန်ဖြေပြီး ကိုကို ဟု ခေါ်သော ထိုကိုလူချော၏
နှဖူးပြင်အား ကျတော့်ရှေ့တွင်ပင် ငုံ့နမ်းလေရဲ့ ။ကျလုကျဆဲ မျက်ရည်စုကို သုတ်ပေးချင်ပါသော်
လည်း သူလိုအပ်တာ ကိုယ်မဟုတ်သည်မို့
လက်တောင် မရွယ်မိ ။
أنت تقرأ
Analysis [ Complete ]
أدب الهواةမရူးစမ်းနဲ့ ကောင်လေး အရေးမပါတာတွေ စိတ်ကူးယဉ်နေမဲ့အစား ကိုယ့်ကို မေ့ပစ်သင့်တာ Byun Baekhyun × Lee Taeyong [ Just Fiction ]