အချစ်မမည်သေးသောအချိန် စွဲလမ်းမှု
သာသာနှင့် အရူးထနေသည့် ကျတော့် အဖြစ်မှာ
သူဆိုသမျှ ပွဲတိုင်း သူလုပ်သမျှ Fansign
တိုင်း သူသွားသမျှ နိုင်ငံတိုင်း တစ်ကောက်ကောက်
လိုက်ပြီး အများအမြင်တွင် ဗြောင် ဘတ် ဟျွန်း အား
အသည်းအသန်ကြိုက်နေသည့် Fanboy အဖြစ်
အထင်မှားခံရလေသည် ။" ခင်ဗျား ကြည့်ရတာ မသက်သာလိုက်တာ "
မနေ့ကပင် Oversea ပွဲက ပြန်လာပြီး
နောက်နေ့ချက်ချင်း Fanmeeting နှင့်
လက်မှတ်ပါထိုးပေးသည့် ပွဲကို အပြုံးမပျက်
တက်လာသည့် သူ့အား ကြည့်ပြီး ကျတော်မှာ
စိတ်ပူနေရသည် ။Fangirl များအလယ်တွင် မျက်စိမျက်နှာပျက်
ဖင်တကြွကြွ ကိုယ့်အလှည့်ရောက်မည်ကို
စိတ်မရှည်နှင့်စောင့်နေရသည့်ကြားထဲ အထူးအဆန်း
လို လာလာကြည့်ကြသည့် မျက်လုံးများကြောင့်
မဖြစ်စဖူး မျက်နှာတွေပူလာသလိုလို
ရှက်ဘဲရှက်ရတော့မလိုလို" တစ်နေ့တစ်နေ့ ကိုယ့်နောက်ဘဲလိုက်နေတာ
မင်းကျောင်းရောတက်ရဲ့လား "" one subject one night လေ ..
It's OK . No Problem "" No Problem ဆိုပြီး ပထမနှစ်နဲ့တင်
တဘုန်းဘုန်းကျနေတာ ဘယ်သူလဲ "လူကြားသူကြားတောင်မရှောင် ဖဲ့တက်ပုံများ
ကျတော့်မှာ ရစရာတောင်မရှိ ..သူ့နောက်က မန်နေဂျာ ဝန်ထမ်းတွေကအစ
ကျတော့်ကို ပြုံးစိစိနှင့်ကြည့်ကြသည့်အခါ
စိတ်တိုတိုနှင့် ဖက်နမ်းချင်စိတ်တောင်ပေါက်သည် ။အခြားသူဆိုလျှင်တော့ ထထိုးလိမ့်မည်ဖြစ်သော်
လည်း ဗြောင် ဘတ် ဟျွန်း ကတော့ ခြွင်းချက်
အနေနှင့် မလုပ်ရက် .." ခင်ဗျားဗျာ .. "
ရှက်ရမ်းရမ်းပြီး မျက်နှာပြန်မမော့နိုင်တော့သည့်
အဖြစ်ကို သူပြုံးပြီးကြည့်လာသည့်အခါ
ကျတော့် ရင်ဘတ်ကြီး ဂယက်ထသည် ။" စာလုပ်ဦးကောင်လေး ကျန်းမာရေးဂရုစိုက်
ဒီနှစ်တော့ အောင်တယ်လို့ဘဲကြားချင်တယ် "လုံခြုံရေးဝန်ထမ်းက နောက်တစ်ယောက်ဝင်ရန်
အတင်းတွန်းထုတ်နေသည်မို့ မတက်သာတော့ဘဲ
သူ့ရှေ့က ထွက်သွားရသည် ။စင်အောက်ရောက်ချိန် စိတ်မဖြောင့်စွာ
ပြန်လှည့်ကြည့်မိတော့ Fangirl တစ်ယောက်နဲ့
စကားပြောနေသည့် သူ့အပြုံးများက မနာလိုချင်
စရာကောင်းစွာ ကြိုဆိုလေ၏ ။" ကျတော်တစ်ယောက်တည်းဘဲ
ခင်ဗျားအပြုံးတွေကို ပိုင်ချင်တယ် .. "ကိုယ်လောဘနဲ့ကိုယ် တောက်လောင်နေ
သော်လည်း အကြင်သူကတော့ သူချစ်သော
ပရိသတ်များနှင့် ပြုံးရယ်နေလေသည် ။ကျတော်ဘဲ ပူလောင်နေရတာ
မတရားလိုက်တာ ခင်ဗျား ရယ်" ကောင်လေး ဒီရက်ပိုင်း ကိုယ့်ဆီ ဖုန်းမဆက်နဲ့
နည်းနည်းအလုပ်ရှုပ်နေလို့ မင်းကို လက်ခံ
စကားပြောနိုင်မှာ မဟုတ်ဘူး "သီတင်းတစ်ပတ်လောက် မတွေ့မမြင်ရသည့်အခါ
စိတ်ဆုံးဖြတ်ပြီး ပထမဆုံးအကြိမ်ဖုန်းခေါ်မိပေမဲ့
ကျတော့်ကြောင့် သူမှာ အနှောက်အယှက် ဖြစ်ရပြီ ။အဆိုလိုင်းတင်မက အခုဆိုလျှင် အနုပညာထဲပါ
ခြေဆန့်ရန်ပြင်နေသည့် သတင်းကို ဟိုတလော
ထဲက ကြားထားသဖြင့် အခုလို မြန်မြန်ဆန်ဆန်
ဇာတ်ညွှန်းတွေလက်ခံပြီး နားချိန်မဲ့လိမ့်မယ်
မထင်ခဲ့ ။မန်နေဂျာကတောင် တားမရသည့် အလုပ်သရဲက
ကျတော့်လို အပြင်လူရဲ့ စကားကို အဖက်လုပ်
နားထောင်ပါ့မည်လား ။တကယ့်တကယ့်တမ်း တွေးကြည့်လျှင်
သူကိုယ်တိုင် စိတ်ထဲတွင်လည်း ပရိသတ်တစ်ယောက်
အဖြစ် ပိုလိမ့်မည်မထင် ။လွမ်းရတာမျိုး လုံးဝမကြိုက်ပေမဲ့
ဗြောင် ဘတ် ဟျွန်း တစ်ဦးကိုတော့
ရှိသမျှ ခံစားချက်အဖုံဖုံဖြင့် တနင့်တပိုးကို
တမ်းတနေရလေသည် ။ကျတော်သည် ယုတ္တိမရှိသော
အချစ်ကို ကိုးကွယ်သူမဟုတ် ..သို့ပါသော်လည်း
ဗြောင် ဘတ် ဟျွန်း ကြောင့်
အချစ်သမုဒ္ဒါရာထဲ နစ်မြှပ်တော့မည်မှာ
သိပ်အချိန်ကြာတော့မည်မဟုတ်ချေ ။~~~~~~
နည်းနည်းတို
အပြီးထိ ရေးထားတာနော်
Daily up ပေးမှာ
![](https://img.wattpad.com/cover/114112049-288-k718622.jpg)
BẠN ĐANG ĐỌC
Analysis [ Complete ]
Fanfictionမရူးစမ်းနဲ့ ကောင်လေး အရေးမပါတာတွေ စိတ်ကူးယဉ်နေမဲ့အစား ကိုယ့်ကို မေ့ပစ်သင့်တာ Byun Baekhyun × Lee Taeyong [ Just Fiction ]