တစ်နေကုန် ဇာတ်ကားတစ်ကားအတွက်ရော
အသစ်ထွက်မည့် သီချင်းအတွက်ပါ အာရုံတွေများပြီး
အလုပ်ရှုပ်နေခဲ့သည်မှာ ည နှစ် နာရီလောက်တွင်
အိမ်သို့ခြေချနိုင်လေသည် ။" ဘာတွေလား .. လီ ထယ် ယုံး ..
မင်းဘာတွေ အရူးထထားပြန်တာလဲ "ဟိုတစ်လောတုန်းက သူ့ ကျတော့်ကို မြူ ဆွယ်နိုင်ရင်
မြူ ဆွယ်ကြည့်လို့ ပြောမိခဲ့သော စကားကြောင့်
စိတ်ညစ်ရသည်ကလည်း အခါခါပင်တစ်အိမ်လုံး နီရဲနေသော နှင်းဆီပန်း ပွင့်ချပ် များအား
ဲပြန့်ကြဲထားပြီး အတင်းကြီးရို့မန်တစ်ဆန်ချင်နေသော
ထိုကောင်လေးကို ကျတော် အမှန်တကယ်ပင်
ခြေရောလက်ရော မြှောက်သည် ။" လီ ထယ် ယုံး .. ဟေး ကောင် လေး
တစ်အိမ်လုံး အမှိုက်တွေဖွထားပြီး ဘယ်ရောက်
နေတာလဲ "မီးဖိုချောင်က ထမင်းစားပွဲပေါ်တွင် မီးထွန်းထား
သော ဖယောင်းတိုင်နှစ်တိုင် နှင့် ဝိုင်တစ်ပုလင်းအော် ကလေးစိတ်မကုန်သေးတဲ့ ကောင်လေး
တစ်ယောက်ပါလားဒရမ်မာတွေကြည့်ပြီး လိုက်လုပ်ထားပုံရသည် ။
" ချစ်စရာတော့ ကောင်းသား "
အမှောင်ချထားသော တစ်အိမ်လုံးကို မီးခလုတ်
တွေလိုက်ဖွင့်ရင်း ကလေးဆန်ဆန် အပြင်အဆင်
များကိုကြည့်ကြည့်ပြီး အူနှိပ်ကာ ထိုင်ရယ်ရသူမှာ
ကျတော်ပင်မည်မျှ ရယ်ချင်စရာကောင်းသနည်း
ကျတော့်လို အနုပညာရှင်တစ်ယောက်အား
ဤနည်းဖြင့်မြူ ဆွယ်သည် ဆိုကတည်းက
မဖြစ်နိုင်လောက်ဘူးဆိုသည့် တုန့်ပြန်ချက်ကို
သူထည့်မတွက်ထားပုံရသည် ။" လီ ထယ် ယုံး .. ကောင်လေး "
တစ်အိမ်လုံး အနှံ့ လီ ထယ် ယုံး ချင်း ထပ်ပြီးနောက်
ကျတော့်အခန်းဆီရောက်ချိန် ကုတင်ပေါ်
အကျအန အိပ်ပျော်နေသော အကောင်လေးအား
အေးအေးချမ်းချမ်းပင် မြင်လိုက်ရသည် ။
YOU ARE READING
Analysis [ Complete ]
Fanfictionမရူးစမ်းနဲ့ ကောင်လေး အရေးမပါတာတွေ စိတ်ကူးယဉ်နေမဲ့အစား ကိုယ့်ကို မေ့ပစ်သင့်တာ Byun Baekhyun × Lee Taeyong [ Just Fiction ]