Thunder love

3.6K 168 11
                                    

ှ
ှJune လ ရဲ့ ပထမဆုံး ရက်

" ဂျိန်း! !!!! "

မိုးချိန်းသံနှင့်​အတူမြင်​လိုက်​ရတဲ့ လျှပ်​စီး​ကြောင်း​ကြောင့်​ ပြတင်း​ပေါက်​ ထပိတ်​ပြီး လိုက်​ကာပါ ချထားလိုက်​သည်​။ မိုးရွာ​နေ​သော​ကြောင့်​ ​ဆေးခန်းမှ ဆရာမ​လေးပင်​ ပြန်​သွားပြီထင်​သည်​။ ​စော​စောကပင်​ ရွာထဲမှ ​နေမ​ကောင်း​သော အဖိုးကိုကြည့်​ပြီးပြန်​​ရောက်​လာသည်​နှင့်
မိုးများ သဲသဲမဲမဲ ရွာချ​နေ​သည်​။
ကျွန်​​တော်​ အတွက်​​တော့ မိုးရွာသည်​က ​ကော်​ဖီ​လေးတစ်​ခွက်​​ဖျော်
စာအုပ်​​ ဖတ်​ရမည်​ဟူ​သော အ​တွေးဖြင့်​သာ​ပျော်​​နေမိသည်​။
ဟုတ်​သည်​ ​​နေ့​နေ့ညည လူနားများနှင့်​ နှပမ်းလုံး​နေရခဲ့ရသည်​ မဟုတ်​ပါလား ။
ဒီလို နယ်​စပ်​မြို့​လေး အတွက်​ ဆရာဝန်​ဟူသည်​ ကျွန်​​တော်​ တစ်​​ယောက်​သာ ရှိသည်​။ ထို့​ကြောင့်​ ကျွန်​​တော့်​ကို အားကိုး​နေကြ​သော နယ်​ခံ​များ အတွက်​ ​ပြောင်း​ရွေ့ဖို့ ဝန်​​လေး​နေခဲ့ ခြင်းပင်​။
ကျွန်​​တော်​​လို တစ်​​ယောက်​တည်းသမားအတွက်​​က​တော့ ​ဘယ်​​နေရာမှာ​နေရမည်​။ ဘယ်​သူနှင့်​​နေရမည်​ဟု ထည့်​တွက်​​နေစရာမလို ​ရောက်​သည့်​​နေရာပင်​ အဆင်​​ပြေ​အောင်​ ​နေ​,​နေသည်​မှာ ​နေသားကျ​နေပါသည်​။

ကျွန်​​တော်​စိတ်​ကူးထားသည့်​အတိုင်း ​ကော်​ဖီတစ်​ခွက်​ အရင်​​ဖျော်​လိုက်​သည်​။ ထိုစဉ်​~

"ဂျိန်း!!!" ဟူ​သော အသံနှင့်​အတူ တံခါးမှ တစ်​ခုခု ပြိုကျလာသည့်​အသံ ကိုပါကြားလိုက်​ရသည်​။

"ဟင်​ ~ ခင်​ဗျား .... ဘာဖြစ်​လာတာလဲ "

"ဆ...ဆရာ .. ကျွန်​​တော့်​ ကို အနာသတ်​သာတဲ့ ​ဆေး​လေးထိုး​ပေးပါ"

"ဟာ အဲလိုလုပ်​လို့ မရဘူး ကျွန်​​တော်​ ဗိုက်​က အနာကိုကြည့်​မယ်
ခဏ ပြ "

"မရဘူး... ကျွန်​​တော့်​မှာ အချိန်​မရှိဘူး ​ဆေးသာ​ပေးပါ Doctor Doh Kyungsoo "
ကျွန်​​တော်​ ကုတ်​အင်္ကျီ​ပေါ်မှ အမည်​ကို​စိုက်​ကြည့်​ရင်းသာ​အော်​​နေသည်​။
ပြောမရသည့်​ အဆုံး အားနည်း​နေသည့်​သူလက်​ကို ဖယ်​လိုက်​သည်​ နှင့်​ ​တွေ့လိုက်​ရသည်​က ဒဏ်​ရာ~
ဓားနှင့်​ထိုးခံထားရသည်​ ထင်သည်​။ ကြာကြာထားလျှင်​ ​သွေးထွက်​လွန်​ပြီး​သေနိုင်​သည်​။

ChanSoo ONE SHOTWhere stories live. Discover now