" ဟင် ချန်ယောလ် "
"ဂျောင်ဆူး "
"မအိပ်သေးဘူးလား ငါ့ကိုမစောင့်ပါနဲ့ဆိုနေ "
"မင်း မလာသေးဘဲ ငါက ဘယ်လိုအိပ်ရမှာလည်း "
အမြဲတမ်း ရင်ခွင်ထဲတွင်လွှတ်ထွက်မတတ် ဖတ်ပြီးမှ အိပ်တတ်သော ကျွန်တော့် အကြောင်းကို သူမသိတာလား။
စိတ်ပူတာလားတော့ ကျွန်တော်မသိ ဒါပေမယ့် ဒီသေးသေးလေး ရင်ခွင်ထဲ မရှိလျှင်ပင် ရင်ဘတ်ကြီးက အလိုလို လစ်ဟာနေတတ်သည်။ဒီနေ့ Hundard days husband ဇာတ်ကား ရိုက်ကွင်းမှာ နောက်ကျမည်ဟု ကျွန်တော့်ကိုမှာခဲ့သော်လည်း
ညဥ့်နက်သည် အထိစောင့်နေမိသည်။" လာ အိပ်တော့ ချန်ယောလ် ငါရေချိုးတော့မယ် "
"မင်းကိုစောင့်အုံးမယ် ပြီးတော့ ဘာစားပြီးပြီးလဲ ငါထမင်းပြင်ပေးရမလား "
"ရတယ် စားခဲ့ပြီးပြီး မင်းရော ဘာစားပြီးပြီးလဲ "
"ဟင့်အင်း "
"ငါ့ကိုစောင့်နေတာလား "
"......"
"မင်းကလေ ကလေးလည်း မဟုတ်တော့ဘူး အစ်ကိုတို့နဲ့ တူတူ စားလိုက်တာမဟုတ်ဘူး "
သူပြင်ပေးတဲ့ထမင်း မဟုတ်ရင် မစားချင်တာရော မသိဘူးလား။ သူ့လက်နဲ့ပြင်ပေးတဲ့ ထမင်းဟာ ဘယ်လောက်စားကောင်းလိုက်လည်း ဒါကြောင့် သူနဲ့ ချစ်သူဖြစ်ပြီး သူရဲ့ စေတနာနာပါပါ ချက်ကျွေးသော ဟင်းများကို တစ်ချက်မငြင်းခဲ့သော ကျနော် 6 packs ပြောက်ကာ ဗိုက်ပင်ပူနေလေပြီ။
မအေရီး တို့ရဲ့ စနောက်ခြင်းကိုလဲ ခံရ members တွေစနောက်ခြင်းကိုခံရနှင့်။ မမှုပါဘူးလေ သူတို့မှာမှ ကျွန်တော့်လို ဟင်းချက်ကောင်းတဲ့ချစ်သူမရှိတာ ပြောပါစေ။ကျွန်တော့်ကို ပွစိပွစိ ဆူရင်းရှေ့ကနေ ထမင်းပြင်ပေးဖို့ထွက်သွားသည့်ကောင်လေး လုံးလုံးလေး ချစ်ဖို့ကောင်းလိုက်တာ ပြီးရင် အစားမှန်မှန်စားဖို့လည်း အသေအချာမှာတော့မည်။
YOU ARE READING
ChanSoo ONE SHOT
FanfictionMoments ထွက်ရင်ထွက်သလောက် One shot လေးအဖြစ်ထည့်ပေးချင်တဲ့ ရည်ရွယ်ချက် လေးဖြင့်💖