ဆိုးလ် မြို့ကိုခြေချလိုက်ရင်ဖြင့် ကိုယ့်နိုင်ငံကိုပြန်ရောက်ပြီဆိုတဲ့ အသိနဲ့စိတ်တွေလွတ်လပ်သွားတာတော့အမှန်ပင်။
၃နှစ် ကျွန်တော်ပညာတော်သင်သွားတာ ၃နှစ်တောင်ကြာခဲ့ပြီ။ မြို့ကြီးကကျွန်တော် ထွက်သွားတဲ့ အချိန်ကနေ အခုတော့ အရမ်းကို တိုးတက်ပြောင်းလည်းနေတာတော့ အမှန်
လေဆိပ်ကို ဆယ်ဟွန်း လာကြိုမည်ဆိုသောကြောင့် ထိုင်စောင့်နေသည်မှာ 15 မိနစ်ရှိပြီ။ ဒီကောင် အခုထိ အချိန်မလေးစားသေး ဒါကြောင့်လည်း Baekhyun ရဲ့ ဆူအောင့်ခြင်းကိုခံရမြဲ အခုထက်ထိ အမှတ်မရှိသေးပါလား။" Chanyeol hyung !!"
"မလေး ကိုယ်တော်ချော ရောက်လာသေးတယ်နော် "
"ဟဲ ဟဲ ... ကဲ သွားကြစို့  hyung ကိုအလုပ်တွေက ကြိုဆိုနေတယ် "
ကျွန်တော် ပညာတော်သင်ပြန်လာတော့လည်း သူငယ်ချင်းတွေရှိတဲ့ ဆေးရုံမှာဘဲလုပ်ဖြစ်သည်။ ဘာလို့လည်း ဒီပေါတောတောကောင်တွေကို မခွဲနိုင်လို့ပဲပေါ့။
"လာ hyung ဆေးရုံအုပ်ကပြောတယ် hyung ရုံးခန်းကိုပဲ လိုက်ပို့လိုက်တော့ နောက်နေ့မှ သူ့ကိုလာတွေ့ပါတဲ့ ဒီနေ့ အိမ်ပြန်ပြီး နားနိုင်အောင်လို့တဲ့ "
"ဒါနဲ့ ငါက ဘယ်ဌာနမှာလုပ်ရမှာလဲ"
"hyung ကလည်း ဘာအထူးပြုနဲ့ ဘွဲ့ရလာတာလဲ "
"ဦးနှောက်နဲ့ အာရုံကြောလေ "
"အင်းလေ အဲဌာနာပဲပေါ့ တုံးလိုက်တာ "
"အောင်မာ နေနှင့်အုံးပေါ့ မင်း"
လျှာထုတ်ပြနေသော အနှီးကောင်လေးကို ပြေးပြေး ပိတ်ကန်ချင်သည်မှာ အမှန်ပင်။Sehun ဆိုတာလေ ခုချိန်ထိ နောက်တောက်တောက်နဲ့ လူနာတွေရှေ့လည်း ဒီလိုဘဲ ကလေးလိုလုပ်နေသလားမသိ။
" ဆရာ ဆရာ့ လူနာ သတိရလာပြီတဲ့ "
"ဟမ် ဟုတ်လား လာပြီ လာပြီ hyung လိုက်ကြည့်မလား သူ သတိမရတာ တစ်လကျော်တောင်ကြာပြီ အခုမှ သတိရတာ "
YOU ARE READING
ChanSoo ONE SHOT
FanfictionMoments ထွက်ရင်ထွက်သလောက် One shot လေးအဖြစ်ထည့်ပေးချင်တဲ့ ရည်ရွယ်ချက် လေးဖြင့်💖