ှ
ှJune လ ရဲ့ ပထမဆုံး ရက်" ဂျိန်း! !!!! "
မိုးချိန်းသံနှင့်အတူမြင်လိုက်ရတဲ့ လျှပ်စီးကြောင်းကြောင့် ပြတင်းပေါက် ထပိတ်ပြီး လိုက်ကာပါ ချထားလိုက်သည်။ မိုးရွာနေသောကြောင့် ဆေးခန်းမှ ဆရာမလေးပင် ပြန်သွားပြီထင်သည်။ စောစောကပင် ရွာထဲမှ နေမကောင်းသော အဖိုးကိုကြည့်ပြီးပြန်ရောက်လာသည်နှင့်
မိုးများ သဲသဲမဲမဲ ရွာချနေသည်။
ကျွန်တော် အတွက်တော့ မိုးရွာသည်က ကော်ဖီလေးတစ်ခွက်ဖျော်
စာအုပ် ဖတ်ရမည်ဟူသော အတွေးဖြင့်သာပျော်နေမိသည်။
ဟုတ်သည် နေ့နေ့ညည လူနားများနှင့် နှပမ်းလုံးနေရခဲ့ရသည် မဟုတ်ပါလား ။
ဒီလို နယ်စပ်မြို့လေး အတွက် ဆရာဝန်ဟူသည် ကျွန်တော် တစ်ယောက်သာ ရှိသည်။ ထို့ကြောင့် ကျွန်တော့်ကို အားကိုးနေကြသော နယ်ခံများ အတွက် ပြောင်းရွေ့ဖို့ ဝန်လေးနေခဲ့ ခြင်းပင်။
ကျွန်တော်လို တစ်ယောက်တည်းသမားအတွက်ကတော့ ဘယ်နေရာမှာနေရမည်။ ဘယ်သူနှင့်နေရမည်ဟု ထည့်တွက်နေစရာမလို ရောက်သည့်နေရာပင် အဆင်ပြေအောင် နေ,နေသည်မှာ နေသားကျနေပါသည်။ကျွန်တော်စိတ်ကူးထားသည့်အတိုင်း ကော်ဖီတစ်ခွက် အရင်ဖျော်လိုက်သည်။ ထိုစဉ်~
"ဂျိန်း!!!" ဟူသော အသံနှင့်အတူ တံခါးမှ တစ်ခုခု ပြိုကျလာသည့်အသံ ကိုပါကြားလိုက်ရသည်။
"ဟင် ~ ခင်ဗျား .... ဘာဖြစ်လာတာလဲ "
"ဆ...ဆရာ .. ကျွန်တော့် ကို အနာသတ်သာတဲ့ ဆေးလေးထိုးပေးပါ"
"ဟာ အဲလိုလုပ်လို့ မရဘူး ကျွန်တော် ဗိုက်က အနာကိုကြည့်မယ်
ခဏ ပြ ""မရဘူး... ကျွန်တော့်မှာ အချိန်မရှိဘူး ဆေးသာပေးပါ Doctor Doh Kyungsoo "
ကျွန်တော် ကုတ်အင်္ကျီပေါ်မှ အမည်ကိုစိုက်ကြည့်ရင်းသာအော်နေသည်။
ပြောမရသည့် အဆုံး အားနည်းနေသည့်သူလက်ကို ဖယ်လိုက်သည် နှင့် တွေ့လိုက်ရသည်က ဒဏ်ရာ~
ဓားနှင့်ထိုးခံထားရသည် ထင်သည်။ ကြာကြာထားလျှင် သွေးထွက်လွန်ပြီးသေနိုင်သည်။
ESTÁS LEYENDO
ChanSoo ONE SHOT
FanficMoments ထွက်ရင်ထွက်သလောက် One shot လေးအဖြစ်ထည့်ပေးချင်တဲ့ ရည်ရွယ်ချက် လေးဖြင့်💖