26.11.2018
Doh Kyungsoo's POV
မနက်မိုးလင်းလို့ Ph ပေါ်က Date လေးကို ကြည့်မိတော့ 26 ရက်ဆိုတာကိုပြနေသည်။ မနက်ဖြန်ဆို ချန်ယောလ် မွေးနေ့ရောက်ပြီပေါ့။
မနှစ်က ဒီအချိန် Concert tour စခဲ့တော့ Concert မှာဘဲ သူ့အတွက် Birthday Suprise လုပ်ပေးဖြစ်ခဲ့တာ။ ဒီနှစ်တော့ fan တွေနဲ့ Party လုပ်မည်ပြောသည်။
အဲ့ပွဲလည်း တက်နိုင်မည်မဟုတ် ဒါကြောင့် သူ့အတွက် ပွဲအသေးစားလေး လုပ်ပေးချင်မိသည်။အင်း .... နှစ်ယောက်ထဲ ပါဝင်တဲ့ပွဲပေါ့ 😌
ကျွန်တော်မွေးနေ့ဆို 12နာရီမထိုးမချင်းစောင့်ပြီး ဂရုတစိုက် Birthday wish ကိုပို့ပေးတဲ့သူ။ သူအစောဆုံးဖြစ်နေမှ သဘောကျကျေနပ်နေတဲ့သူ။ အဲ့လိုအသေးအဖွဲလေးတွေက ကျွန်တော် အတွက်တော့ ဘာမှမဟုတ်ပေမယ့် သူကတော့ အရမ်းအလေးထားတတ်တယ်လေ။
ဒါကြောင့် ဒီနှစ်တော့သူ့ကို အချိန်ပေးချင်သည်။ သူ့မွေးနေ့လေးကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေချင်သည်။
အရင်ဆုံး ကိတ်မုန့်အရင်မှာရမယ်။ ဘယ်လိုပုံလေး လုပ်ရင်ကောင်းမလည်း Giraffe ပုံလေးနဲ့လုပ်ရင်ကောင်းမလား။ ကျွန်တော် Show Time ရိုက်နေတုန်းက သူ့မွေးနေ့မှာ Giraffe hat လေးလက်ဆောင်ပေးခဲ့ဖူးသည်။
ဒါပေမယ့် ကျွန်တော်ပေးတာကို မှန်အောင်မပြောနိုင်လို့ တော်တော် စိတ်ဆိုးခဲ့ရသေးသည်။ကျွန်တော်ကို အရမ်းဂရုစိုက်တတ်တဲ့သူက မမှန်းနိုင်ရကောင်းလားဆိုပြီးတော့ပေါ့ 😪
ထားပါ အခုလည်း Giraffe နဲ့ပဲလုပ်မယ် Penguin လေးရောထည့်ရင်ကောင်းမလား။ ထည့်လိုက်ပါမယ်လေ သူသဘောကျမှာပါ။
ကိတ်ကတော့မှာပြီးပြီ။ အခန်းကို အလှဆင်ဖို့ပဲကျန်တော့တယ်။ လိုအပ်တဲ့ ပူဖောင်း၊ပန်း၊ဖဲကြိုး တွေကိုဝယ်ဖို့တော့ manager hyung ကိုအပူကပ်ရမှာပဲ။ ကိုယ်တိုင်သွားဝယ်လို့တော့မဖြစ် ဟိုတစ်ခါ ဖယောင်းတိုင် ကိစ္စထက်ဆိုးနေမယ် ကလေးတွေကလွယ်တာမဟုတ် ဖယောင်းတိုင်လေးဝယ်မိတာ ကုတင်ပေါ် အရောက်ပို့ကြတဲ့ဟာလေးတွေ 😪
YOU ARE READING
ChanSoo ONE SHOT
FanfictionMoments ထွက်ရင်ထွက်သလောက် One shot လေးအဖြစ်ထည့်ပေးချင်တဲ့ ရည်ရွယ်ချက် လေးဖြင့်💖