" ကိုကို အဟင့် .... အင့်"
"ဂျောင်းဆူး ..ကလေး ဘာဖြစ်နေတာလဲ .. ငိုနေတာလား ကလေး အခုဘယ်မှာလဲ ကိုကို့ကိုပြော "
"ကိုကို...ဗြဲ 😭"
"အခု ကိုကိုလာခဲ့မယ် ဘယ်မှာလဲ "
"တွေ့နေကျ ဘောလုံးကွင်းထိပ်က သစ်ပင်အောက်မှာ ..အင့်"
"ခဏစောင့်နေနော် ဘယ်မှမသွားနဲ့ "
"အစည်းအဝေး ဒီနေ့ဖျက်လိုက်တော့ ငါ အရေးတကြီး သွားစရာရှိတယ် "
ပတ်ချန်ယောလ် တို့များပိုချက်နော် သူ့ကလေး ငိုနေတာနဲ့ အရေးကြီး အစည်းအဝေးတောင်ဖျက်သွားရတယ်လို့။ ဟိုကလေးလေးကလည်း ချွဲတတ်လိုက်တာဆိုတာ လွန်ရော ကွာ။
"ကလေး"
"ကိုကို"
မလေးလေး တွေ့တာနဲ့ ရင်ခွင်ထဲတိုးဝင်ပြီးချွဲတော့တာပဲ အရပ်ကလေးကလည်း ရင်ခွင်မှီအရပ်ကလေးဆိုတော့။ ဟိုအဘိုးကြီးကလည်း ဒါလေးတွေပဲ အသေအလဲ ကြွေနေရတာ။
😄
"ဘာဖြစ်တာလဲ ကိုကို့ကိုကြည့်ပါအုံး ""ဟိုလေ ကိုကို"
"အွန်း"
"ကိုကို ကလေးကို မဆူပါနဲ့နော် "
"မဆူပါဘူးကလေးရယ် ဘာဖြစ်တာလဲသာပြော"
"ကလေးက ကိုကို စိတ်ပျက်သွားမှာစိုးနေတာ ဟင့် ..ရွှတ် 😪"
"မဖြစ်ပါဘူးကလေးရယ် "
"ကိုကိုပေးထားတဲ့ နာရီလေးလေ limited နဲ့ထုတ်ထားတာလေးလေ ကျွန်တော်ကျနေခဲ့တာ ..ဗြဲ 😭"
"မလေး ကလေးရယ် အဲ့ဒါငိုစရာလား ကိုကိုက ကလေးကိုလေ တစ်ဆိုင်လုံးတောင် ဝယ်ပေးနိုင်တယ်ဆိုတာသိရဲ့လား"
ပတ်ချန်ယောလ်တို့တော့ ပိုပြီ သူ့ကလေးမျက်ရည် တစ်စက်ကျလိုက်တာနဲ့ သိန်း၁၀၀ကျော်က ဘာမှတန်းဖိုးမရှိတော့သလို အသုံးလည်းမဝင်တော့ မလေးလေး အားကျစရာ ရွှတ်😪
ESTÁS LEYENDO
ChanSoo ONE SHOT
FanficMoments ထွက်ရင်ထွက်သလောက် One shot လေးအဖြစ်ထည့်ပေးချင်တဲ့ ရည်ရွယ်ချက် လေးဖြင့်💖