"ဟျောင့်တွေ သားကြီးတို့ မြန်မြန်ပြန်သိမ်းကွာ အဆောင်မှူးက အဆောင်ပြောင်းရမယ်တဲ့ ဒါမှန်းသိ မနေ့ကတည်းက အပင်ပန်းခံပြီး ပစ္စည်းတွေနေရာ မချပါဘူးကွာ...😢😢😢"
စိတ်တိုတိုနဲ့ ပြောလိုက်မိတာကတော့ သွေးသစ်ပေါ့ နဂိုကတည်းက အိမ်မှာလက်ကြောမတင်း အပျင်းကြီးတဲ့သူ သူမှာ အပင်ပန်းခံပြီး နေရာချပြီးကာမှ အရာမရောက်တော့ ညစ်လည်းညစ်ပီး သူငယ်ချင်းအခန်းဖော်နှစ်ယောက်ကို ဘုပြောပြောလိုက်တယ်
"ငါ့လည်းကူသိမ်းပေးဦးနော်"😂😂
တဆက်တည်းပဲ ပြောင်စပ်စပ်နဲ့ ပြောလိုက်သေးတယ်
"အေးပါကွာ မင်းဘယ်နှစ်ခါများ အလုပ်တခုကိုစိတ်ပါလက်ပါလုပ်ဖူးလို့လား ဖင်တောင် ချီးပြောင်အောင်ဆေးလို့လား ငပျင်းကောင် သိမ်းတော့ ကိုယ့်ဟာကို ငါတို့နှစ်ယောက်ကို ကျွန်ကျနေတာပဲ ခိုင်းတာ မနေ့ကပဲ ကူခင်းပီးပီ အခုကျတော့ ငါတို့ပဲ ပြန်သိမ်းပေးရဦးမှာလား"😈😈😕 လို့ပါးစပ်ကပြောရင်း သူ့ပစ္စည်းတွေကို မြနိမြန်ဆန်ဆန် သိမ်းဆည်းနေတာကတော့ လူကြီးလေး မင်းခန့်ပေါ့ မျက်နှာလေးကကလေးရုပ်လေးနဲ့ အသားကလည်း တောင်ကြီးသားဆိုတော့ ဖွေးတာပေါ့ဗျာ အရပ်ကလည်း ပုပု လူက ဖြူဖြူသေးသေး မျက်နှာလေးကကလေးရုပ်ဆိုတော့ အထက်တန်းကျောင်းသားနဲ့ အမြဲ အထင်မှား ခံရတာပေါ့ဗျာ သူကလည်းအဲ့အချိနိဆို ဒေါသကလည်းထွက် ကပ်ကပ်လန်အောင် ပြန်ပြောတာပေါ့ဗျာ သွေးသစ်လည်းသူ့ပါးစပ်ကိုကြောက်တော့ ပစ္စည်းတွေကို ကူသိမ်းနေရတာပေါ့
"သယ်ရင်းကလည်း ကူညီပါကွဟီးဟီး ငါလည်းကူသိမ်းပါ့မယ်နော်"အဲ့ကျမှ မင်းခန့်ပါးစပ်ကအပြောရပ်သွားတော့တယ်
"Aww ငါမေ့နေတာ ဆရာ့ကို ပစ္စည်းတေသွားကူသိမ်းလိုက်ဦးမယ် ဟျောင့် ဇာနည် ငါ့သေတ္တာလေး အောက်ကို ခဏချပေးထားဦးနော် ညနေမှမုန့်ဝယ်ကျွေးမယ်ကွာ_"
YOU ARE READING
💟လှပသော နေ့ရက်လေးများ💟BL Novel
Romance💏💏မနေ့ကဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့💏💏 💏မနက်ဖြန်တိုင်းကတော့ သာယာလှပနေဆဲပင်💏💏