"မနေ့က ဘယ်လောက်ပင် ခါးသီး ခါးသီး
မနက်ဖြန်ကျရင်တော့ ချိုမြန်လာမှာပါ"❤❤ ရှင်းခန့်❤❤
💟💟💟💟💟💟💟💟💟💟💟💟💟💟ပတ်ဝန်းကျင်တခုလုံး ညကမိုးရွာထားသောကြောင့် စိမ်းလန်းနေပေသည် သစ်ပင်လေးများမှာလည်း ရေစက်လေးများ တွဲလဲခိုနေလေသည် နေမင်းနီနီကြီးမှာလည်း ထွက်ပေါ် နေလေသည်
နှုတ်ခမ်းနားက ဆစ်ကနဲ နာကျင်မှုကြောင့် ညက ကိစ္စများမှာ ခေါင်းထဲသို့အစီအရီဝင်လာလေသည်ချက်ချင်းပင် ထိုသူကို ခေါင်းထဲပြေးမြင်လာလေသည်
ဘာကြောင့်လဲဆိုတာတော့ မင်းခန့်ကိုယ်တိုင်လည်း မသိပေ
ဘေးကိုကြည့်လိုက်တော့ ဇာနည်ဘယ်အချိန်ပြန်ရောက်သည်မသိ ကွေးကွေးလေး အိပ်နေလေသည်မိမိလည်း သူ့ကိုမနှိုးသေးဘဲ ဝရန်တာဘက်ကို ထွက်လာလိုက်လေသည်
မိမိခြုံထသော စောင်လေးကို ဇာနည်ကို ခြုံပေးခဲ့ပြီးတော့ အိမ်စီးဖိနပ်လေးဝတ်ကာ ဝရန်တာဘက်ကို လျှောက်လာခဲ့လေသည်
တနေ့တာရဲ့ နေမင်းကြီးကို သူလည်းကြိုဆိုသင့်သည်မဟုတ်လား
ကွန်ဒိုပေါ်မှ လှမ်းကြည့်သောအခါ ကမ္ဘာအေး ဘုရားကြီးကို ပြတ်သားစွာ ဖူးမြော်နိုင်ပေသည် 7 ထပ်မြောက်ဖြစ်သောကြောင့် လေများမှာလည်း လတ်ဆတ်နေလေသည် မိုးရွာထားသောကြောင့် မိုးသင်းနံလေးမှာလည်း ရောယှက်နေကာ စိတ်ကြည်လင်စေပေသည် အဝေးတနေရာ ကုန်းတော်ပေါ်မှ ရွှေတိဂုံဘုရားကြီးမှာလည်း ထည်ဝါသပ္ပါယ်စွာ တည်ရှိနေလေသည်
မင်းခန့် အိပ်မှုန်စုံဝါးနဲ့ပင် ရွှေတိဂုံ ဘုရားကြီးဆီ ဦးတည်ပြီး လက်အုပ်ချီလိုက်လေသည်"တပည့်တော်ကို တောင်းပန်ခွင့်လေး မပေးနိုင်ရင် ကျေးဇူးတင်ခွင့်လေးတော့ပေးပါဘုရား"
ကားနှင့်တိုက်ခဲ့သောလူနှင့် ကူညီခဲ့သော လူတို့အတွက် ဆုတောင်လိုက်လေသည်
YOU ARE READING
💟လှပသော နေ့ရက်လေးများ💟BL Novel
Romance💏💏မနေ့ကဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့💏💏 💏မနက်ဖြန်တိုင်းကတော့ သာယာလှပနေဆဲပင်💏💏