"မင်းတို့ငါ့ကို မထိနဲ့ မင်းတို့ပါ နာမယ်နော်ဆိုပီး ပုလင်းချွန်အကွဲကို လက်ကဝှေ့ယမ်းပီး သူ့လာထိန်းတဲ့ Security လူတေကိုပြောနေတဲ့မင်းခန့်ပါပဲ စိတ်ကလေးက ဆတ်ဆတ်နဲ့ ရှေ့က ငါးယောက်နဲ့ အချင်းများနေတာကတော့ အသိအသာပင်
သွေးသစ်တို့လည်း ကိုယ့်သူငယ်ချင်းဘက်ဆီကို တည့်မတ်စွာ ပြေးပီး မူးနေတဲ့ သူငယ်ချင်းလေးကို ဇာနည်က နောက်ဘက်ကို တွန်းပီးကာထားလိုက်တယ် ဘေးပတ်ပတ်လည်မှာလည်း လူများက သူတို့တွေကို ဝိုင်းကြည့်နေကြတယ်
"နေပါဦး မင်းတို့က လူတယောက်ထဲကို မင်းတိုက အနိုင်ကျင့်နေတာလား ပီးတော့ ဘာလဲ မင်းတိုက လမ်းသရဲတွေလား လူကြောက်တွေလား "ဆိုပီး သွေးသစ်က သူတို့ခေါင်းဆောင်လို့ ထင်ရတဲ့ လူကို တွန်းပစ်လိုက်တယ် ပီူတော့ မျက်နှာငယ်လေးနဲ့ ရီဝေဝေဖြစ်နေပီးတော့ မျက်ရည်တွေဝဲနေတဲ့ သူ့သူငယ်ချင်း မင်းခန့်မျက်နှာကို တချာက်ကြည့်မိလိုက်တယ် မင်းခန့်ရဲ့ ဒီပုံစံကို သွေးသစ်တို့လည်း မမြင်ဖူးတော့ နည်းနည်းအံသြနေမိတယ် မင်သခန့်က ဝမ်းနည်းနေတာလား သူကြောက်နေတာလား မျက်နှာက နာကြည်းပြီး ရှက်နေတဲ့ မျက်နှာလေးပဲ
သွေးသစ်တွန်းလိုက်လို့ ယိုင်သွားတဲ့ ခေါင်းဆောင်ကလည်း မပြောမဆို သွေးသစ်ကိုပြေးထိုးလိုက်တယ် သွေးသစ်တခဏတာ ကမ္ဘာကြီးလည်ထွက်သွားတယ် မျက်လုံးထဲမီးပွင့်သွားသလိုမျိုးပေါ့ သတိထားမိတာက နှုတ်ခမ်းက စိုထိုင်းထိုင်းနဲ့ သွေးတွေ ဇာနည်နဲ့မင်းခန့်လည်း တခဏတော့ကြောင်သွားတယ် သွေးသစ်လည်း လက်မနဲ့ နှုတ်ခမ်းကိုပွတ်ဆွဲလိုက်ပီးတော့ ခုနက ခေါင်းဆောင်နဲ့ အကြိတ်အနယ် သတ်ကြတော့တယ် ဇာနည်နဲ့ မင်းခန့်လည်း ခုနကလူတွေကို တတ်နိုင်သလောက် အသေအကြေ ပြန်လည် သတ်ပုတ်နေကြတော့တယ်
😃😃😃😃😃😃😃😃😃😃😃😃😃😃😃😃
YOU ARE READING
💟လှပသော နေ့ရက်လေးများ💟BL Novel
Romance💏💏မနေ့ကဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့💏💏 💏မနက်ဖြန်တိုင်းကတော့ သာယာလှပနေဆဲပင်💏💏