လောကကြီးမှာ ကျွန်တော် သေလောက်အောင်နာကျင်ခဲ့ရင်တောင်
ကျွန်တော်ချစ်တဲ့ ကိုရှင်းမနာကျင်စေချင်ဘူး
ဒါကျွန်တော်ရဲ့ သစ္စာ စကားပဲ
(သတိုး)
..........................
သတိုး POV
"ကိုရှင်း ကျွန်တော် မစားချင်တော့ဘူး သွားရအောင်"ပြောလည်းပြောရင်း သတိုးရှင်းခန့်ကို ဆွဲခေါ်လာခဲ့လေသည်
မိမိရဲ့ ချစ်ရသူကို နာကျင်အောင်လုပ်ခဲ့သော မိန်းမနှင့်မှ တိုက်တိုက်ဆိုင် ဒီနေ့ဆုံနေရလေသည် သတိုး ရှင်းခန့်ကို စိုက်ကြည့်နေလေသည် ရှင်းခန့်ပုံစံက စိတ်နဲ့ ကိုယ်နဲ့ မကပ်သလိုလို"ကိုရှင်း ကိုရှင်း......"
"ဟေ အေးညီလေးပြော"
အသံခပ်ကျယ်ကျယ်ဖြင့်လှုပ်လိုက်မှ အသိကပ်သွားလေသည် အခုမှ သတိဝင်လာသဖြင့် အရှေ့မှ သတိုးကို ငုံ့ကြည့်လိုက်သည်
"Sorry ညီလေး အကို ကတိမတည်နိုင်ခဲ့တာ အကို ကြိုးစားပြီးထပ်မေ့ကြည့်ပါမယ် အခုက ရုတ်တရက်ကြီးဆိုတော့....***"
ရှင်းခန့် သတိုးကို အားနာသွားလေသည် နန္ဒာကို နောက်သတိမရတော့ဘူးဟူ၍ ရှင်းခန့်ကတိစကားကို ကြားယောင်လာလေသည်
မိမိ လမ်းခွဲစဉ်ကသေမလောက်ခံစားနေရသည်ကို မကြည့်ချင်၍ သတိုးတယောက် အိမ်မှာ လာနေခဲ့လေသည် မိမိလည်း စိတ်နဲ့ကိုယ်နဲ့မကပ်၍ သတိုးဖြောင်းဖြသည်ကို စိတ်တိုကာ ဆွဲထိုးမိလေသည် ထိုးပြီးမှ အသိစိတ်ဝင်လာကာ သတိုးကို အတင်းတောင်းပန်ခဲ့ပုံများ အခုမှ အစီအရီ ခေါင်းထဲ ဝင်လာလေသည်သူပြန်တောင်းသော ကတိလေးကတော့
"ကိုရှင်း သူ့ကို ကြိုးစားပြီး မေ့ပေးပါတဲ့လေ"
ငိုမဲ့မဲ့လေးဖြင့်ဆောင်းဆိုသွားသော သတိုးအသံကို ရှင်းခန့်နားထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေလေသည်
"ရပါတယ် ကိုရှင်းရ နောက်အဲ့လို ထပ်မဖြစ်တော့နဲ့နော် အခုသွားကစားရအောင်"
YOU ARE READING
💟လှပသော နေ့ရက်လေးများ💟BL Novel
Romance💏💏မနေ့ကဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့💏💏 💏မနက်ဖြန်တိုင်းကတော့ သာယာလှပနေဆဲပင်💏💏