❤❤Part 9❤❤

470 32 0
                                    

ပကာသနဆိုတာ ကျွန်​​တော့အတွက်​​တော့
အထီးကျန်​မှုပဲ
                       (​သွေးသစ်​)
.............................

"အ​ဖေ ကျွန်​​တော့်​ကို ​စော​စောစီးစီး ​ခေါ်တာ ဒီကိစ္စအတွက်​လား"

သွေးသစ်​ စုပ်​တချပ်​သပ်​ကာ ​ခေါင်းလွှဲလိုက်​သည်​ မနက်​​စော​စောစီးစီး ကြီး​မေက ဖုန်းလှမ်းဆက်​၍ အိမ်​ကို လာမိပါမှ စိတ်​ညစ်​စရာကိစ္စများ ​ပြော​နေ​သော​ကြောင့်​ဖြစ်​သည်​ ​ခေါင်းတဖက်​လွှဲသွား​သော ​သွေးသစ်​ကို သူ့အ​မေ စိုက်​ကြည့်​​နေ​လေသည်​ မိဘ​တွေကို အာခံ​နေတာလားဆိုသည့်​ အကြည့်​မျိုးနှင့်​ စိုက်​ကြည့်​​နေ​လေသည်
သွေးသစ်​အ​ဖေ ဦးမြင့်​ဦးက​တော့ ဧည့်​ခန်း၏ ပြတင်း​ပေါက်​မှ အပြင်​ဘက်​သို့​ငေးကြည့်​​နေ​လေသည်

"ဟုတ်​တယ်​​လေ မင်းသတင်းငါအကုန်​ကြားတယ်​ မင်းကအပြင်​မှာရန်​ဖြစ်​မယ်​ မိန်းမ​ပွေမယ်​ မိဘပိုက်​ဆံထိုင်​ဖြုန်းမယ်​ မင်းဒါပဲတတ်​တဲ့​ကောင်​ပဲ"

သွေးသစ်​ဘက်​ပြန်​လှည့်​၍ ဦးမြင့်​ဦးကျိန်း​နေ​လေသည်​ မိမိတို့အလုပ်​မအား၍ လွှတ်​ထားမိသည်​မှန်​သည်​ သို့​သော်​ ​သွေးသစ်​​နောက်​တွင်​ လူများလွှတ်​ထားကာ ​သွေးသစ်​၏ လှုပ်​ရှားမှု မှန်​သမျှကို ​စောင့်​ကြည့်​ခိုင်း​နေ​လေသည်

"မင်းညကလည်း Clubမှာ ရန်​ဖြစ်​​သေးတယ်​ဆို "

".........."

သွေးသစ်​​ခေါင်းသာ ငြိမ့်​ပြလိုက်​သည်​ မိမိပြန်​မလာချင်​​သော အိမ်​ကို ကြီး​မေအတင်းဖုန်းဆက်​​ခေါ်​သော​ကြောင့်​ ပြန်​လာမိသည်​ ပြန်​လာ​သောအခါတွင်​လည်း ထုံးစံအတိုင်း ​အော်​မည်​ဟစ်​မည်​​ဟောက်​မည်​ အ​ဖေရဲ့ လက်​သုံးစကားများကို အလွတ်​ပင်​ရ​နေ​လောက်​ပြီ ပြန်​လည်းမ​ပြောချင်​​တော့​ပေ ​သူ့​ဘေးနားတွင်​ထိုင်​​နေ​သော ကြီး​မေကိုသာ မိမိကြည့်​​နေမိသည်

"​နောက်​တခုကျန်​​သေးတယ်​ မင်း ဦး​ကောင်းသမီး နန္ဒာနဲ့ လက်​ထပ်​ရမယ်​"

သွေးသစ်​​ခေါင်း​ပေါ် မိုးကြိုးကြီး ပစ်​ချလိုက်​သကဲ့သို့ခံစားသွားရသည်​ မိမိကိုကြိုတင်​၍လည်း ​ပြောမထား ဗြုန်းစားကြီးဆို၍ ​မေ​မေ့ကိုပင်​ လှမ်းကြည့်​လိုက်​သည်
အ​မေက အ​ဖေ​လောက်​ အာဏာမဆန်​ဘူးလို့ ထင်​ထား​ပေမယ့်​ အထင်​နဲ့ အမြင်​တခြားဆီပင်​ဖြစ်​သွား​လေသည်​​ ​သွေးသစ်​ကြည့်​ကာမှ ​ဒေါ်စပယ်​မျက်​နှာလွှဲသွား​လေသည်​ ​သွေးသစ်​ရူးချင်​သွားသည်​ နန္ဒာဆိုတာ ခပ်​ရှုပ်​ရှုပ်​ သူ့အ​မွေ​တွေကို စိတ်​ဝင်​စားလို့ အတင်းကပ်​​နေသည်​ကိုလည်း မိမိသိသည်​ မိမိဆီကို ဖုန်းဆက်​လွန်း၍ ကိုင်​ပင်​မကိုင်​ချင်​​တော့ သူ့မိဘ​တွေဆိုသည်​မှာလည်း ဂုဏ်​ပကာသနဆိုလျှင်​မက်​​မောသည်​မှာ အပြင်​မရှိ ​သွေးသစ်​ကြီး​မေကို ကြည့်​မိ​တော့ မျက်​နှာမ​ကောင်း သိပြီးသားထင်​သည်​ အခုဟာကို ​ပြောဖို့ သူ့ကို မနက်​​စော​စောလှမ်း​ခေါ်ရသည်​လား လာရသည်​မှာ မတန်​လိုက်​​လေခြင်း

💟လှပ​သော ​နေ့ရက်​​လေးများ💟BL NovelWhere stories live. Discover now